Connect with us

News

ဆန္ဒပြပွဲများကြောင့် ဆူဒန်နိုင်ငံဝန်ကြီးချုပ် အဗ်ဒလာဟမ်းဒေါ့ခ် ရာထူးမှ နုတ်ထွက်ပြီ

ခါတွမ်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

နိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအကြပ်အတည်းများကြောင့် ဆူဒန်နိုင်ငံဝန်ကြီးချုပ် အဗ်ဒလာဟမ်းဒေါ့ခ် (Abdall Hamdok) သည် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ဇန်နဝါရီ ၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။“ ဒီလိုကြီးမြတ်တဲ့တိုင်းပြည်ရဲ့ ပြည်ချစ်သားတွေ ဒါမှမဟုတ် ပြည်ချစ်သမီးတွေဆီကနေ အခြားလူတစ်ယောက်အတွက် လမ်းဖွင့်ပေးနိုင်ဖို့ ဝန်ကြီးချုပ်ရာထူးကနေ ကျွန်တော် နုတ်ထွက်ကြောင်း ကြေညာပါတယ် ” ဟု ဆူဒန်နိုင်ငံပိုင်ရုပ်သံမှ တဆင့် ပြည်သူများအား မိန့်ခွန်းပြောကြားစဉ် ဟမ်းဒေါ့ခ်က ထည့်သွင်းပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံတွင် စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် နိုင်ငံအား အရေးပေါ်အခြေအနေကြေညာပြီး အချုပ်အခြာအာဏာပိုင်ကောင်စီနှင့် အစိုးရကို တရားဝင်ဖျက်သိမ်းလိုက်သဖြင့် ပြည်တွင်းဆန္ဒပြပွဲများနှင့်အတူ နိုင်ငံရေးအကြပ်အတည်းဖြင့် တောက်လျှောက် ရင်ဆိုင်ခဲ့ရသည်။

ပြီးခဲ့သော ဒီဇင်ဘာ ၃၀ ရက်ကလည်း ထောင်နှင့်ချီသော ဆူဒန်နိုင်ငံသားများသည် ခါတွမ်းမြို့နှင့် အခြားမြို့ကြီးများရှိ လမ်းမများပေါ်တွင် အကြီးအကျယ်ဆန္ဒပြမှု နှင့် အဓိကရုဏ်းမှုများဖြစ်ပွားခဲ့သည်။

ထိုဆန္ဒပြပွဲများကြောင့်ပင် “ဒီဇင်ဘာ ၃၀ ရက်က အွန်ဒါမန်မြို့မှာ ဆန္ဒပြသူ လေးဦး သေဆုံးခဲ့ပြီး အခြား ၂၉၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၄၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်’’ ဆူဒန်ရဲတပ်ဖွဲ့က အစောပိုင်းတွင် ပြောကြားခဲ့သည်။
အွန်ဒါမန်မြို့သည် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး နိုင်းမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိကာ မြို့တော် ခါတွမ်းနှင့် မျက်နှာချင်းဆိုင်အရပ်တွင် တည်ရှိသည်။
စစ်ဦးစီးချုပ် Al-Burhan သည် အသွင်ကူးပြောင်းရေး အချုပ်အခြာကောင်စီတစ်ရပ် ဖွဲ့စည်းရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေအမိန့်တစ်ရပ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ထိုစဉ်က ရာထူးမှ ဖယ်ရှားခြင်းခံရသော ဝန်ကြီးချုပ် အဗ်ဒလာဟမ်းဒေါ့ခ်ကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ရေးပါဝင်သော နိုင်ငံရေးကြေညာချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သော်လည်း ယင်းသဘောတူညီချက်မှာ လမ်းပေါ်ရှိ ဆန္ဒပြမှုများအား ငြိမ်သက်သွားရန် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။(Xinhua)…………………………………………

(English Version)

Sudan PM Abdalla Hamdok resigns

KHARTOUM, Jan. 2 (Xinhua) — Sudan’s Prime Minister Abdalla Hamdok on Sunday announced his resignation from his post in the wake of the political crisis in the country.
“I announce to you my resignation from the post of Prime Minister to make way for another person from the daughters or sons of this generous country,” said Hamdok in a speech to the Sudanese people broadcast by the official Sudan TV.

Photo(1) Abdalla Hamdok speaks after signing a political declaration with General Commander of the Sudanese Armed Forces Abdel Fattah Al-Burhan in Khartoum, Sudan, Nov. 21, 2021. (Xinhua/Mohamed Khidir)

Photo(2,3) Sudanese citizens demonstrate on the street in Khartoum, Sudan, Dec. 30, 2021. (Xinhua/Mohamed Khidir)

…………………………………………
(Zawgyi Version)

ဆႏၵျပပြဲမ်ားေၾကာင့္ ဆူဒန္ႏိုင္ငံဝန္ႀကီးခ်ဳပ္ အဗ္ဒလာဟမ္းေဒါ့ခ္ ရာထူးမွ ႏုတ္ထြက္ၿပီ

ခါတြမ္း ၊ ဇန္နဝါရီ ၃ ရက္(ဆင္ဟြာ)

ႏိုင္ငံအတြင္း ျဖစ္ေပၚေနေသာ ႏိုင္ငံေရးအၾကပ္အတည္းမ်ားေၾကာင့္ ဆူဒန္ႏိုင္ငံဝန္ႀကီးခ်ဳပ္ အဗ္ဒလာဟမ္းေဒါ့ခ္ (Abdall Hamdok) သည္ ၎အေနျဖင့္ ရာထူးမွ ႏုတ္ထြက္ေၾကာင္း ဇန္နဝါရီ ၂ ရက္တြင္ ထုတ္ေဖာ္ေၾကညာခဲ့သည္။

“ ဒီလိုႀကီးျမတ္တဲ့တိုင္းျပည္ရဲ႕ ျပည္ခ်စ္သားေတြ ဒါမွမဟုတ္ ျပည္ခ်စ္သမီးေတြဆီကေန အျခားလူတစ္ေယာက္အတြက္ လမ္းဖြင့္ေပးႏိုင္ဖို႔ ဝန္ႀကီးခ်ဳပ္ရာထူးကေန ကြၽန္ေတာ္ ႏုတ္ထြက္ေၾကာင္း ေၾကညာပါတယ္ ” ဟု ဆူဒန္ႏိုင္ငံပိုင္႐ုပ္သံမွ တဆင့္ ျပည္သူမ်ားအား မိန႔္ခြန္းေျပာၾကားစဥ္ ဟမ္းေဒါ့ခ္က ထည့္သြင္းေျပာၾကားခဲ့သည္။

ဆူဒန္ႏိုင္ငံတြင္ စစ္ဦးစီးခ်ဳပ္ Abdel Fattah Al-Burhan က ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ ၂၅ ရက္တြင္ ႏိုင္ငံအား အေရးေပၚအေျခအေနေၾကညာၿပီး အခ်ဳပ္အျခာအာဏာပိုင္ေကာင္စီႏွင့္ အစိုးရကို တရားဝင္ဖ်က္သိမ္းလိုက္သျဖင့္ ျပည္တြင္းဆႏၵျပပြဲမ်ားႏွင့္အတူ ႏိုင္ငံေရးအၾကပ္အတည္းျဖင့္ ေတာက္ေလွ်ာက္ ရင္ဆိုင္ခဲ့ရသည္။

ၿပီးခဲ့ေသာ ဒီဇင္ဘာ ၃၀ ရက္ကလည္း ေထာင္ႏွင့္ခ်ီေသာ ဆူဒန္ႏိုင္ငံသားမ်ားသည္ ခါတြမ္းၿမိဳ႕ႏွင့္ အျခားၿမိဳ႕ႀကီးမ်ားရွိ လမ္းမမ်ားေပၚတြင္ အႀကီးအက်ယ္ဆႏၵျပမႈ ႏွင့္ အဓိက႐ုဏ္းမႈမ်ားျဖစ္ပြားခဲ့သည္။

ထိုဆႏၵျပပြဲမ်ားေၾကာင့္ပင္ “ဒီဇင္ဘာ ၃၀ ရက္က အြန္ဒါမန္ၿမိဳ႕မွာ ဆႏၵျပသူ ေလးဦး ေသဆုံးခဲ့ၿပီး အျခား ၂၉၇ ဦးနဲ႔ ရဲတပ္ဖြဲ႕ဝင္ ၄၉ ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္’’ ဆူဒန္ရဲတပ္ဖြဲ႕က အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။
အြန္ဒါမန္ၿမိဳ႕သည္ လူဦးေရအထူထပ္ဆုံးၿမိဳ႕ျဖစ္ၿပီး ႏိုင္းျမစ္အေနာက္ဘက္ကမ္းတြင္ တည္ရွိကာ ၿမိဳ႕ေတာ္ ခါတြမ္းႏွင့္ မ်က္ႏွာခ်င္းဆိုင္အရပ္တြင္ တည္ရွိသည္။
စစ္ဦးစီးခ်ဳပ္ Al-Burhan သည္ အသြင္ကူးေျပာင္းေရး အခ်ဳပ္အျခာေကာင္စီတစ္ရပ္ ဖြဲ႕စည္းေရးဆိုင္ရာ ဖြဲ႕စည္းပုံအေျခခံဥပေဒအမိန႔္တစ္ရပ္ကို ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာ ၁၁ ရက္တြင္ ထုတ္ျပန္ခဲ့သည္။ ထို႔ေနာက္ ထိုစဥ္က ရာထူးမွ ဖယ္ရွားျခင္းခံရေသာ ဝန္ႀကီးခ်ဳပ္ အဗ္ဒလာဟမ္းေဒါ့ခ္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ျပန္လည္ခန႔္အပ္ေရးပါဝင္ေသာ ႏိုင္ငံေရးေၾကညာခ်က္တစ္ခုကို လက္မွတ္ေရးထိုးခဲ့ေသာ္လည္း ယင္းသေဘာတူညီခ်က္မွာ လမ္းေပၚရွိ ဆႏၵျပမႈမ်ားအား ၿငိမ္သက္သြားရန္ စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိေၾကာင္း သိရသည္။(Xinhua)

#Sudan, #president, #resigns, #xinhua, #xinhuamyanmar, #
#ဆူဒန္,#သမၼတ,#ႏုတ္ထြက္,#ဆင္ဟြာ,#ဆင္ဟြာျမန္မာ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.