Connect with us

News

ဆီးရီးယား ရှီယိုက်လူမျိုး ရွှေ့ပြောင်းသူများကို ဦးတည်၍ အသေခံဗုံးဖောက်ခွဲမှု သေဆုံးသူ ၁၁၂ဦးအထိ မြင့်တက်လာ

ယာဉ်တန်းအား ပစ်မှတ်ထား၍ အသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးခဲ့သူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း မှ ရှီယိုက်လူမျိုးများအား ကယ်ဆယ်ရွှေ့ပြောင်းပေးမည့် ယာဉ်တန်းအား ဧပြီ ၁၅ ရက်က အသေခံဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ သေဆုံးသူဦးရေသည် ၁၁၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခု က ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အလက်ပိုပြည်နယ် အစွန်အဖျားရှိ သူပုန်များထိန်းချုပ်ထားသော Rashideen ဧရိယာတွင် ရှီယိုက်ပြည်သူ ၅၀၀၀ဦးကို တင်ဆောင်ထားသော ဘတ်စ်ကားများသည် အလက်ပိုပြည်နယ်ရှိ အစိုးရထိန်းချုပ်ထားသော ဧရိယာသို့ ၎င်းတို့အား ဘေးကင်းစွာ ပို့ဆောင်ပေးရန် စောင့်ဆိုင်းနေစဉ် ဗုံးများတပ်ဆင်ထားသော အာလူးတင်ကုန်ကားတစ်စီးဖြင့် အသေခံဗုံးခွဲသမားက ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.