News
မိုးတိမ်များအကြား ထိုးထွက်နေသည့် တံတားကြီးတစ်စင်းအားတည်ဆောက်
ကွေ့ကျိုး၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် မိုးတိမ်များအကြားထိုးထွက်နေသည်အထိ မြင့်မားသော Tongzi မြစ်ကူး တံတားကြီးတစ်စင်းကို တည်ဆောက်လျက်ရှိကြောင်းသိရသည်။
ထိုတံတားကြီးသည် ကွေ့ကျိုးပြည်နယ်ရှိ Jinsha-Renhuai-Tongzi အမြန်လမ်း၏ လမ်းပိုင်းတစ်ခုဖြစ်သည်။တံတားမှာ အရှည် ၁,၄၂၂ မီတာရှိမည်ဖြစ်ပြီး ပင်မ မျှော်စင်အမြင့်မှာ ၂၀၈ မီတာအထိရှိသည်။
တံတားတည်ဆောက်မှုလုပ်ငန်းမှတာဝန်ရှိသူ Pi Sheng က” ပင်မမျှော်စင်ကိုတပ်ဆင်ထားပြီး ကြိုးတပ်ဆင်ပေါက်ဖောက်လုပ်တာလည်း ၉၀ ရာခိုင်နှုန်းပြီးစီးပါပြီ။တစ်ဆက်ထဲသံမဏိသံဘောင်တပ်ဆင်မှုက ၆၀ ရာခိုင်နှုန်းပြီးစီးနေပါပြီ။ နောက်ထပ် ပင်မကြိုးဆိုင်းတပ်ဆင်ခြင်း၊ သံမဏိသံဘောင်များတည့်မတ်ခြင်းနဲ့အခြားလုပ်ငန်းအချို့လုပ်ဖို့ကျန်ပါသေးတယ်။ ကျွန်တော်တို့ဟာ သံမဏိသံဘောင်တွေကိုနောက်နှစ်မှာအပြီးတပ်ဆင်နိုင်ဖို့လျာထားပါတယ်”ဟုဆိုသည်။
တံတားကြီးပြီးစီးပါက မြစ်နှစ်ဖက်စလုံးတွင်နေထိုင်သူများအတွက် အကျိုးရှိစေမည်ဖြစ်သည်။လက်ရှိတွင် Renhuai မြို့နှင့် Tongzi စီရင်စုတို့အကြားသွားလာရန်ကြာမြင့်ချိန်မှာ အချိန် ၂နာရီခန့်ကြာမြင့်သည်တံတားကြီး ပြီးစီးပါက ထိုခရီးကို အချိန် မိနစ် ၂၀ အတွင်းသွားလာနိုင်တော့မည်ဟုသိရသည်။ (Xinhua)
…………………..
(English Version)
GLOBALink| Super-large bridge under construction in SW China
A super-large bridge across the Tongzi River is under construction in Guizhou, SW China. The main tower of the bridge has just been capped, take a look at this super project.
Produced by Xinhua Global Service■