Connect with us

News

မြန်မာနိုင်ငံ၌ စက်တင်ဘာ ၄ ရက်အထိ လူဦးရေ ၂ ဒသမ ၆ သန်းကျော် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားပြီဖြစ်

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၂၇ ရက်မှ စက်တင်ဘာ ၄ ရက်အထိ လူဦးရေ ၂ ဒသမ ၆ သန်းကျော်မှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားပြီဖြစ်ကြောင်း နှင့် တစ်ချိန်တည်းမှာပင် လူဦးရေ ၂ ဒသမ ၁ သန်းကျော်မှာ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှု ခံယူထားပြီဖြစ်ကြောင်း ယနေ့ စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ MRTV အဆောက်အဦ၌ ပြုလုပ်သော “မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများအပေါ် သံတမန်များအား ရှင်းလင်းခြင်း” အခမ်းအနား၌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ရှင်းလင်းပြောကြားခဲ့သည်။ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် Pfizer ကာကွယ်ဆေး အကြိမ်ရေ ၄ သန်းကျော်စာ နှင့် Sinovac ကာကွယ်ဆေး အကြိမ်ရေ ၂ ဒသမ ၂ သန်းကျော်စာ ရရှိရန် GAVI COVAX အစီအစဉ်နှင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်နေကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ MRTV အဆောက်အအုံ၌ စက်တင်ဘာ ၉ ရက်တွင် သံတမန်များအား ရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အိမ်နီးချင်းနိုင်ငံများ၌ ခိုလှုံနေကြသူများ နှင့် ရွှေ့ပြောင်းလုပ်သားများ အပါအဝင် အခက်အခဲကြုံတွေ့နေသူများ နေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ MRTV အဆောက်အအုံ၌ စက်တင်ဘာ ၉ ရက်တွင် သံတမန်များအား ရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ထို့ပြင် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအား ကာကွယ်ဆေးများ နှင့် ဆေးဝါးအထောက်အကူ ပစ္စည်းများ လှူဒါန်းခဲ့သည့် နိုင်ငံများ နှင့် အဖွဲ့အစည်းများ ၊ အထူးသဖြင့် အိန္ဒိယ ၊ တရုတ် ၊ ရုရှား ၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများ နှင့် အာဆီယံ အသင်းကြီးကိုကျေးဇူးတင်ရှိကြောင်း ၎င်းက ဆိုသည်။

တစ်ဆက်တည်းမှာပင် အခမ်းအနား၌ ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်စိုးတင့်နိုင်က ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးမဟာဗျူဟာအတိုင်း မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ဆက်စပ်အဖွဲ့အစည်းများ နှင့် အာဆီယံအသင်းနှင့်အတူ ပူးပေါင်း၍ အကြမ်းဖက်မှုနှိမ်နင်းရေးဆောင်ရွက်နေမှုများကိုလည်းကောင်း ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွင်း နှင့် ရွေးကောက်ပွဲအပြီး ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များ နှင့် မဲစာရင်းဆိုင်ရာ စာရွက်စာတမ်းများနှင့် ပတ်သက်၍ လတ်တလော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)