Connect with us

News

အမေရိကန်နိုင်ငံ အလက်စကာကမ်းလွန်တွင် ပြင်းအား ၈.၁ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်

အမေရိကန်နိုင်ငံအလက်စကာပြည်နယ် မြင်ကွင်းတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တောင်ပိုင်း ပင်လယ်ပြင်တွင် ယနေ့ ညနေ ၂ နာရီ ၁၅ မိနစ်တွင် ပြင်းအား ၈.၁ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာ ( CENC) ၏ ထုတ်ပြန်ချက် အရ သိရသည်။

၎င်းငလျင်သည် မြောက်လတ္တီကျူ့ ၅၅.၄၀ ဒီဂရီ နှင့် အနောက်လောင်ဂျီကျူ့၁၅၈.၀၀ ဒီဂရီကြား မြေအောက်အနက် ၁၀ ကီလိုမိတာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
8.1-magnitude quake hits waters off Alaska, U.S.: CENC

BEIJING, July 29 (Xinhua) — A 8.1-magnitude earthquake jolted the sea areas south of Alaska, the United States at 2:15 p.m. Thursday, according to the China Earthquake Networks Center (CENC).
The epicenter, with a depth of 10 km, was monitored at 55.40 degrees north latitude and 158.00 degrees west longitude, said the CENC.

Photo – The skyline of Anchorage, Alaska.