Connect with us

News

ရှင်းကျန်းဒေသတွင် ဒီဇယ်စွမ်းအင်မှ နေရောင်ခြည်စွမ်းအင်ပြောင်းလဲ အသုံးပြုခြင်း

ရှင်းကျန်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ဒီဇယ်စွမ်းအင်မှ နေရောင်ခြည်စွမ်းအင်သို့ပြောင်းလဲကာ တရုတ်နိုင်ငံရှင်းကျန်းဒေသတွင် ၄၃၆ ကီလိုမီတာ အရှည်ရှိသည့် တာရင်း သဲကန္တာရ အဝေးပြေးလမ်းမတစ်လျှောက် အရိပ်ရပြီး စိမ်းလန်းစိုပြည်စေရန် ဆည်ရေသောက်ရေတွင်းပေါင်း ၈၆ တွင်းကို အဆင့်မြှင့်တင်ခဲ့သည်။၁၉၉၅ ခုနှစ်တွင်တည်ဆောက်ပြီးစီးခဲ့သည့် တာရင်းသဲကန္တာရ လမ်းသည် ဝူးလူမုချီမှ ဟို့ထန်း အထိ ကီလိုမီတာပေါင်း ၅၀၀ အကွာအဝေးကို လျှော့ချပေးနိုင်ခဲ့သည်။

ကန္တာရသဲများ လမ်းအပေါ် ဖုံးလွှမ်းလာမှုများကိုကာကွယ်ရန် တာရင်းရေနံလုပ်ငန်းမှ ၂၀၀၅ ခုနှစ်တွင် ၄၃၆ ကီလိုမီတာအရှည်ရှိ လမ်းနှစ်ဖက်စလုံးတွင် အရိပ်ရအပင်များကိုစိုက်ပျိုးခဲ့သည်။

လမ်းတစ်လျှောက်တွင်စုစုပေါင်းရေသိုလှောင်ကန် ၁၀၉ ကန် ကို တည်ဆောက်ထားပြီး ဆားငန်ဓါတ်မြင့်မားသည့်မြေအောက်ရေကို ဆည်ရေသွင်းနိုင်ရန် လုပ်ဆောင်ခဲ့သည်။

“ကျွန်တော်တို့ သန့်စင်တဲ့စွမ်းအင်ကို အသုံးပြုနိုင်ဖို့ကြံဆနေခဲ့ကြတာကြာခဲ့ပါပြီ၊ ၂၀၁၀ ပြည့်နှစ်အစောပိုင်းမှာကျွန်တော်တို့နေရောင်ခြည်စွမ်းအင်သုံးဆည်ရေသွင်းစက်ရုံပေါင်း ၁၂ ခုကိုဆောက်လုပ်ခဲ့ပါတယ်”

ဇန်နဝါရီ ၌ ရေနံလုပ်ငန်းက ဒီဇယ်စွမ်းအင်သုံးရေသိုလှောင်ကန်ပေါင်း ၈၆ ခုကို နေရောင်ခြည်စွမ်းအင်အသုံးပြုလည်ပတ်ရန်အဆင့်မြှင့်တင်ခဲ့သည်။ အဆိုပါစီမံကိန်းအား ဧပြီလလယ်တွင်အပြီးသတ်နိုင်ရန်လျာထားသည်။

စီမံကိန်း ဒါရိုက်တာ Chen Wen က“စီမံကိန်းပြီးစီးသွားရင်တော့ တစ်နှစ်ကို ဒီဇယ်အသုံးပြုမှုတန်ချိန် ၁,၀၀၀ လောက်အထိလျှော့ချနိုင်မှာဖြစ်ပြီးတော့ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုတော့ ၃,၄၁၀ တန်အထိလျှော့ချနိုင်မှာဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)
………………………
(English Version)

GLOBALink | From diesel to photovoltaic power, China’s Xinjiang sees greener desert highway
KORLA, Xinjiang, March 29 (Xinhua) — From diesel to photovoltaic power, the upgrade of 86 well stations irrigating a 436-km-long shelterbelt in China’s Xinjiang will make the Tarim Desert Highway greener.
Completed in 1995, the Tarim Desert Road reduces the distance from the regional capital of Urumqi to Hotan by 500 kilometers.

To prevent the road from being swallowed up by desert sands, the Tarim Oilfield in 2005 planted a 436-kilometer shelterbelt on both sides of the road. A total of 109 well stations were built along the road to pump up the high-salinity underground water for irrigation.

SOUNDBITE 1 (English): CHEN WEN, Director of the project
“We’ve been exploring the utilization of clean energy for a long time. As early as in 2010, we built 12 photovoltaic power irrigation stations.”

In January, the oilfield started to upgrade 86 diesel-powered well stations into photovoltaic-powered ones. The project is scheduled to complete in mid-April.

SOUNDBITE 2 (English): CHEN WEN, Director of the project
“After completion, the diesel consumption will be cut by about 1,000 tonnes per year, and carbon dioxide emissions will be decreased by 3,410 tonnes.”

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.