Connect with us

Local

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ကျပ်တစ်သိန်းဝန်းကျင်မြင့်တက်

ရွှေဆိုင်တစ်ခုတွင် ဝယ်ယူရန်ကြည့်ရှုနေသော ဝယ်သူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ မှ အင်္ဂလန်နှုတ်ထွက်ရန် အဆိုအား လူထုဆန္ဒခံယူပွဲတွင် အနိုင်ရရှိပြီးသည့် နောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးဆက်တိုက် တက်ခဲ့ပြီး မြန်မာ့ရွှေဈေးလည်း ဆက်တိုက်မြင့်ခဲ့ရာ တစ်ကျပ်သား ကျပ် ၇၅၀,၀၀၀ ဝန်းကျင်မှ တစ်ကျပ်သားကို ကျပ် ၈၄၅,၀၀၀ အထိဈေးမြင့်ခဲ့ကြောင်း သိရသည်။

ယုဇနပလာဇာရှိ တိုင်လုံရွှေဆိုင်ရှင် မသီသီဝင်းက “ အဓိက အီးယူကိစ္စကြောင့်ဖြစ်တာပါပဲ။ ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာရွှေဈေးလည်း လိုက်တက်တာပါ။ လက်ရှိအနေအထားက ခန့်မှန်းရခက်နေတုန်းပဲ’’ ဟု ဆင်ဟွာကိုပြောသည်။
ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “ အီးယူကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်း ကမ္ဘာ့ရွှေဈေးက ဆက်တိုက်တက်တာ ။ အီးယူကိစ္စမတိုင်ခင်က ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို၁၂၅၀ ဒေါ်လာလောက် ရှိတယ်။ အခုက တစ်အောင်စကို ၁၃၅၅ ဒေါ်လာ ဆိုတော့ ၁၀၀ လောက်တက်သွားတာ။ ဒါကြောင့် မြန်မာ့ရွှေဈေးက လည်း တစ်ကျပ်သားကို ကျပ် ၁၀၀,၀၀၀ ဝန်းကျင်လောက်ဈေးတက်သွားတာပါ’’ ဟုပြောသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးအတက်အကျသည် ခန့်မှန်းရ ခက်နေသေးကြောင်း၊ မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး နှင့် ဒေါ်လာဈေးပေါ်တွင် တည်မီနေရသည့်အတွက် ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်မူတည်၍ မြန်မာ့ရွှေဈေးပြောင်းလဲနိုင်ကြောင်းသိရသည်။လက်ရှိတွင် ကမ္ဘာ့ရွှေဈေးအမြင့်ဆုံးအနေအထားတွင် ရှိနေကြောင်း၊ အမြင့်ဈေးဖြစ်သည့်အတွက် အရောင်းအဝယ် ပါးနေကြောင်း ဦးဇော်အောင်ကဆိုသည်။
ဇန်နဝါရီလ ၁၂ရက်နေ့ ညနေဘက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၃၅၅ ဒေါ်လာ ၊ မြန်မာ့ရွှေဈေးတစ်ကျပ်သားကို ကျပ် ၈၄၅,၀၀၀၊ တစ်ဒေါ်လာကို ၁၁၈၁ ကျပ် ပေါက်ဈေးရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.