Connect with us

Local

ကုန်သေတ္တာတင်မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ၄၀ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ဟု ဆို 

ရန်ကုန်မြို့ အေးရှားဝေါလ် ဆိပ်ကမ်း၌ အတင်အချပြုလုပ်ထားသော ကွန်တိန်နာ များအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန်၊  စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

COVID-19 ရောဂါအခြေအနေတွေ့ရှိမှုနှုန်း မြင့်မားလာသည့်နောက်ပိုင်းတွင် ကုန်သေတ္တာတင်မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည် ၄၀ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း မှ သိရသည်။ 

“သယ်ယူပို့ဆောင်ရေး လုပ်ငန်း တွေက အရင်ကထက် ၄၀ ရာခိုင်နှုန်းကျော်ကျသွားတယ်။ ထွက်တဲ့ အရေအတွက် တွေလည်းနည်းသွားတယ်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေက အဓိက အနေနဲ့ Logistic ကဏ္ဍတွေ ပေါ်မူတည်ပြီးလုပ်ကိုင်ရတာပါ’’ ဟု မြန်မာနိုင်ငံ ကုသေတ္တာမော်တော်ယာဉ်များအသင်း ဥက္ကဋ္ဌ ဦးအောင်မိုးက ဆိုသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများသို့ တင်ပို့ရာတွင် ကန့်သတ်ချက်များကြောင့် အချိန်ကြန့်ကြာမှုများဖြစ်ပေါ်နေရာ ယင်းမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကျဆင်းရခြင်း ၏ အချက်တစ်ချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ကုန်သေတ္တာမော်တော်ယာဉ်မောင်းနှင်သူများ အတွက် တားမြစ်ကန့်သတ်ချိန်ဖြစ်သော ည ၁၂ နာရီ မှ နံနက် ၄ နာရီ အတွင်း ကျော်လွန်သွားလာမှုမရှိစေရေး နှင့် သတ်မှတ်ချိန်ထက်စော၍ ထွက်ခွာခြင်း နောက်ကျသွားလာခြင်း မရှိစေရေး အတွက် အချိန်ကိုစနစ်တကျ ကြိုတင်တွက်ချက်သွားလာကြရန် ညွှန်ကြားထားကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.