Connect with us

Local

ကျောက်စိမ်းရိုင်း ရောင်းချပွဲ သြဂုတ်လအတွင်း ကျင်းပမည်

နေပြည်တော်တွင် ကျင်းပခဲ့သော (၅၂ ) ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲ (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ကျောက်စိမ်းရိုင်း (ပယ်ကျောက်) များ ရောင်းချပွဲကို သြဂုတ်လ ၁၈ ရက် မှ ၂၀ ရက်အထိ ကျောက်စိမ်း တူးဖော်ရေးဌာန (လုံးခင်း) ၌ သုံးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီး ဌာန မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းထံမှ သိရသည်။

အဆိုပါ တင်ဒါစနစ်ဖြင့် ရောင်းချ ပေးမည့် ကျောက်စိမ်းရိုင်း (ပယ် ကျောက်) ရောင်းချပွဲသို့ နိုင်ငံတော်နှင့် အကျိုးတူ ကျောက်စိမ်း ကျောက်မျက် တူးဖော်ရေးလုပ် ကိုင်နေသည့် ကုမ္ပဏီများ၊ ပုဂ္ဂလိက ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီများမှ မန်နေဂျင်း ဒါရိုက်တာ၊ ဒါရိုက်တာနှင့် ဒါရိုက်တာ အဖွဲ့ဝင်များကို တက်ရောက် ဝယ်ယူခွင့် ပြုမည်ဟု မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက သတင်း ထုတ်ပြန်သည်။

ကျောက်စိမ်း တူးဖော်ရေး ဌာန (လုံးခင်း) တွင် ကျင်းပပြုလုပ်မည့် ကျောက်စိမ်းရိုင်း (ပယ်ကျောက်) ရောင်းချပွဲသို့ တက်ရောက် ဝယ်ယူ လိုသူများသည် သတ်မှတ် အာမခံ စပေါ်ငွေကို မြန်မာ့ စီးပွားရေး ဘဏ်ခွဲ (ဖားကန့် မြို့) သို့ ပေးသွင်းရမည် ဖြစ်ပြီး ရောင်းချပွဲသို့ တက်ရောက် ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စများကို သြဂုတ်လ ၁ ရက် မှ ၁၅ ရက်အတွင်း ကျောက်စိမ်း တူးဖော်ရေးဌာန (လုံးခင်း) ၌ ဆောင်ရွက် ပေးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.