Connect with us

Local

နိုင်ငံခြားဘဏ်ခွဲများအား လက်လီဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပေးရန် စဉ်းစားမည်ဟု ဆို

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင် အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခု အား အာဆီယံနိုင်ငံများနည်းတူ ယာယီ ကန့်သတ် ချက်များ ထားရှိခဲ့ပြီး ထိုကန့်သတ်ချက်များကို တစ်ဆင့်ချင်းဖြေလျော့ပေးခဲ့ရာ ဖြေလျော့မှု သုံးကြိမ် ရှိခဲ့ပြီ ဖြစ်ကြောင်းနှင့် နောက်တစ်ကြိမ် ဖြေလျော့ရာတွင် လက်လီဘဏ်လုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုပေးရန် စဉ်းစားမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့သည်။

“နောက်တစ်ဆင့် လျော့ပေါ့တဲ့အခါ နိုင်ငံခြား ဘဏ်ခွဲများအား လက်ကား ဘဏ်လုပ်ငန်းအပြင် လက်လီ ဘဏ်လုပ်ငန်းကိုပါ ဆောင်ရွက်ခွင့် ပေးရန် စဉ်းစားပေးပါမယ်၊ ထိုသို့ ဖြေလျော့ရာတွင် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်း ကဏ္ဍ တည်ငြိမ်မှု အခြေအနေနှင့် ဗဟိုဘဏ်ရဲ့ ကြီးကြပ် စစ်ဆေးနိုင်တဲ့ အင်အားပေါ်မူတည်ပြီး နောက်တစ်ဆင့် လျော့ပေါ့မယ့် အချိန်ကာလကို သတ်မှတ်သွားပါမယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

ပုဇွန်တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင် ၏ “နိုင်ငံခြားဘဏ် ၁၃ ခုအား မြန်မာနိုင်ငံသားများအတွက် လက်လီ ဝန်ဆောင်မှုကို မည်သည့်နေ့တွင် ခွင့်ပြုမည်နည်း” ဟူသည့် မေးခွန်းကို ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်ပြီး ထိုသို့ယာယီ ကန့်သတ်ချက်များကို တစ်ဆင့်ချင်း ဖြေလျော့ရခြင်းမှာ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ နိုင်ငံတကာပညာရှင်တွေကလည်း နိုင်ငံခြားဘဏ် များကို လျင်မြန်စွာ ဖြေလျှော့ခြင်းကြောင့် ယှဉ်ပြိုင်မှုတွေ ပိုမိုမြင့်တက်လာတဲ့အတွက် ဆုံးရှုံးနိုင်မှု risk ရှိသည့် ဆောင်ရွက်ချက်များ ပေါ်ထွက်လာနိုင်ပြီး ဘဏ်လုပ်ငန်း ကဏ္ဍ တည်ငြိမ်မှုကို ထိပါးလာနိုင် သောကြောင့် မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းကဏ္ဍကို နိုင်ငံခြားဘဏ်များအား ဖွင့်ပေးရာတွင် ဖြေလျော့မှုများကို အဆင့်လိုက် သတိထား ဖြေလျော့ပေးဖို့ အကြံပေးထားပါတယ်၊ အိမ်နီးချင်း အာဆီယံနိုင်ငံများတွင်လည်း အလားတူ တစ်ဆင့်ချင်းသာ ဖြေလျော့ပေးတာတွေ့ရပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်ခွဲတို့သည် မူလက ဘဏ်ခွဲတစ်ခုစီသာ ဖွင့်ခွင့်ရှိခဲ့ရာမှ ပထမအဆင့် ဖြေလျော့မှုတွင် အထူးစီးပွားရေးဇုန်များ၌ ဘဏ်ခွဲများ ဖွင့်ခွင့်ရခဲ့သည်။ နိုင်ငံခြား ကုမ္ပဏီများကိုသာ လက်ကား ဘဏ်ဝန်ဆောင်မှု ပေးခဲ့ရာမှ ဒုတိယဖြေလျော့မှုတွင် ပြည်တွင်းဘဏ်များနှင့် ပေါင်းစပ်၍ ချေးငွေပေးခြင်း၊ Trade Finance များ ပေးခြင်း၊ ပြည်တွင်း ကုမ္ပဏီများသို့ ငွေချေးခြင်းနှင့် Trade Fiance များ ပေးခြင်းတို့ လုပ်ခွင့် ရခဲ့သည်။ တတိယ အကြိမ် ဖြေလျော့ရာတွင် ပြည်တွင်း အသေးစား ငွေကြေးအဖွဲ့အစည်းများ၊ ပြည်တွင်း ငွေကြေး ကုမ္ပဏီများအား တိုက်ရိုက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးခွင့်ရစေရန် စီစဉ်လျက်ရှိကြောင်းလည်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ရှင်းပြခဲ့သည်။ (Xinnhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.