Connect with us

Local

ဗဟိုဘဏ်က နိုင်ငံခြားဘဏ်လိုင်စင် အသစ် ၂ခု ထပ်မံခွင့်ပြု

မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ဓာတ်ပုံ- ဗဟိုဘဏ်)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက်( ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်များအား လုပ်ငန်းလိုင်စင်များချထားပေးလျက်ရှိရာ နိုင်ငံခြားဘဏ်လိုင်စင် အသစ် ၂ခုကို ထပ်မံခွင့်ပြုပေးလိုက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထပ်မံခွင့်ပြုလိုက်သော နိုင်ငံခြားဘဏ်လုပ်ငန်းလိုင်စင်နှစ်ခုသည် ထိုင်ပေမြို့အခြေစိုက်E.Sun Commercial Bank နှင့် အိန္ဒိယနိုင်ငံမှ State Bank of India ဘဏ်နှစ်ခုတို့ဖြစ်သည်။

ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဗဟိုဘဏ်မှ ၂၀၁၄ နှစ်ကုန်ပိုင်းမှစတင်ပြီး လက်ရှိချိန်ထိ နိုင်ငံခြားဘဏ်လုပ်ငန်းလိုင်စင် ၁၃ခုထိ ချထားပေးပြီးဖြစ်သည်။

နိုင်ငံခြားလုပ်ငန်း လိုင်စင်ချထားပေးပြီးဖြစ်သော နိုင်ငံခြားဘဏ်များမှာ ထိုင်ဝမ်မှ Cathay United ဘဏ်၊ Taiwan Business ဘဏ်၊ Taiwan Cooperative ဘဏ်၊ Taiwan Shin Kong Commercial ဘဏ်၊ Mega Internatio -nal Commercial ဘဏ်၊ First Commercial ဘဏ်၊ CTBC ဘဏ်၊ တောင်ကိုရီးယားနိုင်ငံမှ KB Kookmin ဘဏ်၊ မောရစ်ရှနိုင်ငံမှ State Bank of Mauritiusနှင့် ဗီယက်နမ်နိုင်ငံမှ Investment and Development of Vietnam တို့ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.