Connect with us

Local

မတ်လတွင် ဆန် နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းခန့် တင်ပို့ရောင်းချခဲ့

ဆန်အိတ်များအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် မတ်လ တစ်လအတွင်း နိုင်ငံတကာ ဈေးကွက်များသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သိန်းခန့် တင်ပို့ရောင်းချ ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုအခါ မြန်မာ့ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေသကဲ့သို့ မြန်မာ့ဆန် နှင့်ဆန်ကွဲများကိုလည်း ပြည်ပဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်မှု များအရ မြန်မာ့ဆန်နှင့် ဆန်ကွဲဖောက်သည် ဈေးကွက်နိုင်ငံများ တိုးတက်ရရှိ လာခဲ့ကြောင်း၊ ထိုသို့တိုးတက်လာသည့်အတွက် မတ်လတစ်လ အတွင်းမှာပင် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၃.၂၂၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁ဝ၅၈၅၅ တန်ကျော်နှင့် အမေရိကန်ဒေါ်လာ ၃၃.၁၅၃သန်း တန်ဖိုးရှိ ဆန်ကွဲ ၁၃,ဝ၂၁တန်ကျော် တင်ပို့ ရောင်းချခဲ့ကြောင်း သိရသည်။

ထို့အတူ မတ်လတစ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ မြန်မာ့ဆန်ဖောက်သည် ဈေးကွက်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁၅.၅၈၁ သန်းတန်ဖိုးရှိ ဆန် ၅၂,၈ဝ၈ တန်နှင့် အမေရိကန်ဒေါ်လာ ၆ . ၄၈၄သန်းတန်ဖိုးရှိ ဆန်ကွဲ၂၄,၆၃၉ တန် တင်ပ့ိုရောင်း ချခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မတ်လတစ်လတွင်း မှာပင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းတို့မှ အမေရိကန်ဒေါ်လာ ၈၈.၄၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၉၆,၃၂၃တန် တင်ပို့ ရောင်းချပေးခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.