Connect with us

Local

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးပဲဈေးကွက်တွင် သီတင်းကျွတ်ကာလအပြီး မတ်ပဲနှင့် ပဲစင်းငုံ သီးနှံများ ရုတ်တရက် ဈေးနှုန်းမြင့်တက်

မတ်ပဲ အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

 

သီတင်းကျွတ်ပွဲတော်မတိုင်ခင်ကာလက ဈေးကွက်အေးစက်နေသည့် မတ်ပဲ နှင့် ပဲစင်းငုံဈေးနှုန်းများမှာ ယခု ပွဲတော်အပြီး ဈေးကွက်အစမှာပင် ဈေးနှုန်း များ ရက်ပိုင်းအတွင်း ရုတ်တရက် မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးပဲဈေးကွက်မှ သိရသည်။

အဆိုပါ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများမှာ သီတင်းကျွတ်ပွဲတော်မတိုင်ခင်က မန္တလေးဈေးကွက်တွင် အရောင်းအဝယ်များ အေးစက်နေပြီး ဈေးနှုန်းမှာ လည်း သုံးတင်းဝင် တစ်အိတ်လျှင် မတ်ပဲမှာ ကျပ် ၇၆,၀၀၀ နှုန်းနှင့် ပဲစင်းငုံမှာ ကျပ် ၈၁,၀၀၀ နှုန်းဖြင့် ပေါက်ဈေးရှိခဲ့သော်လည်း ယခု ပွဲတော်အပြီးကာလ အောက်တိုဘာ ၁၇ ရက်တွင် မတ်ပဲမှာ ကျပ် ၈၆,၀၀၀ နှုန်းသို့ လည်း ကောင်း၊ ပဲစင်းငုံမှာ ကျပ် ၈၆,၀၀၀ နှုန်းသို့ လည်းကောင်း ဈေးနှုန်းများ ရက်ပိုင်းအတွင်း မြင့်တက်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

မတ်ပဲနှင့် ပဲစင်းငုံကို မြန်မာပြည်အထက်ပိုင်းဒေသများ ဖြစ်သည့် မန္တလေး၊ စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့တွင် ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးကြသည့်အပြင် ရန်ကုန်၊ ဧရာ၀တီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း ပြည်ပပို့ကုန်သီးနှံအဖြစ် အဓိက စိုက်ပျိုး ကြပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလဆန်းတို့တွင် စတင်ထွက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.