Connect with us

Local

မြန်မာ့ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ညီလာခံ၌ အာရှ-ပစိဖိတ်ရှိ ဒေသတွင်း နိုင်ငံများမှ ကျွမ်းကျင် ပညာရှင် ၂၀၀ ကျော် တတ်ရောက် ဆွေးနွေး

မြန်မာ့ဘဏ်နှင့် ငွေကြေးဆိုင်ရာ ညီလာခံတရပ် ဖွင့်ပွဲ အခန်းအနား မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မြန်မာ ဘဏ်လုပ်ငန်း ပြုပြင် ပြောင်းလဲမှု ကဏ္ဍတွင် နိုင်ငံတကာ ငွေကြေး အသိုင်းအဝိုင်းနှင့် ချိတ်ဆက် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှု ၊ အခက်အခဲ ၊ အခွင့်အရေးများကို မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်း ရှိ နိုင်ငံနှင့် ဒေသပေါင်း (၇) ခုမှ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်ပေါင်း ၂၀၀ ကျော်ပါ ၂၀၁၅ ခုနှစ် မြန်မာ့ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ညီလာခံတရပ်ကို ယနေ့မှ စတင်၍ ရန်ကုန်မြို ့ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ဆွေးနွေး ပြုလုပ်လျှက် ရှိပါသည်။

မြန်မာ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ညီလာခံ (Myanmar Banking and Finance Conference 2015) တွင် မြန်မာ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ပြောင်းလဲမှုများကို ခြုံငုံသုံးသပ်ပြီး မူဝါဒ ၊ မူဘောင်ဆိုင်ရာများ ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ၊ ဘဏ်လုပ်ငန်း နည်းပညာဆိုင်ရာများ ၊ စတော့ရှယ်ယာ ဈေးကွက် ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကို မြန်မာနိုင်ငံနှင့် ဒေသတွင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းမှ ပညာရှင်များ ၊ ဘဏ်လုပ်ငန်း နည်းပညာဆိုင်ရာ ကုမ္ပဏီများ ၊ စတော့ အိတ်ချိန်းကုမ္ပဏီနှင့် အခြားဘဏ်နှင့် ငွေကြေးဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများမှ ပါဝင် တတ်ရောက်ပြီး နှစ်ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ ငွေကြေး ဈေးကွက် ပြုပြင် ပြောင်းလဲမှုတွင် ရန်ကုန်စတော့ အိတ်ချိန်းမှ ငွေကြေး ဈေးကွက်ကို မည်ကဲ့သို့ ပြုပြင် ပြောင်းလဲနိုင်သည့် အခြေအနေများ ၊ စတော့ အိတ်ချိန်းသည် မြန်မာ နိုင်ငံ စီးပွားရေးကို မည်သို့အထောက်အကူ ပြုနိုင်သည့် အခြေအနေများအပေါ် အာဆီယံ နိုင်ငံများမှ စတော့အိတ်ချိန်း ဦးဆောင် ကုမ္ပဏီများလည်း ဆွေးနွေးမှုများ ပြုလုပ်သွားရန် ရှိကြောင်းလည်း သိရသည်။

ယခု နောက်ပိုင်း နှစ်များအတွင်း မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်းနှင့် ငွေကြေး ကဏ္ဍများတွင် တိုးတတ်မှု များစွာ ဖြစ်ပေါ်လာခဲ့ပြီး ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြား ဘဏ် ၉ ခုကို ယမန်နှစ် အောက်တိုဘာလတွင် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ချထား ပေးခဲ့သည်။ ယင်းကဲ့သို့နိုင်ငံခြား ဘဏ်များကို လိုင်စင်များ ချထား ပေးခြင်းမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံး ဖြစ်ပြီး လိုင်စင်ရရှိသော နိုင်ငံများမှာ ဂျပန်နိုင်ငံမှ ၃ ခု ၊ စင်ကာပူ နိုင်ငံမှ ၂ ခု နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ မလေးရှား နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ သြစတေးလျ နိုင်ငံတို့မှ လိုင်စင် ၁ ခုစီ ရရှိထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.