Connect with us

Local

မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု မြန်ဆန်လာစေရန်အတွက် မူဆယ်မြို့ မန့်ဝိန်းဂိတ်ကို (၂၄)နာရီ အထိ အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေ

မြန်မာ-တရုတ် နှစ်နိုင်ငံ မူဆယ် နယ်စပ်ဂိတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု မြန်ဆန်လာစေရန်အတွက် မူဆယ်မြို့ မန့်ဝိန်းဂိတ်ကို (၂၄)နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ကြီးအသင်း ဒုတိယ ဥက္ကဌ ဦးမင်းနိုင်ကပြောကြားသည်။

“၂၄ နာရီ ယာဉ်ဝင်ထွက်ဖို့ တရုတ်နဲ့ ပမဏာဆွေးနွေးထားတာရှိတယ်၊တရုတ်ဘက်ကလည်း အထက်ကို တင်ရသေးတယ်၊ သူတို့ဘက်က ခွင့်ပြုမိန့်တော့ရနေပြီ၊ သူတို့လည်း ပြင်ဆင်နေပါပြီ၊ အစားထိုးယာဉ်မောင်းနဲ့ ဝင်ရတာဆိုတော့ အဆိုင်း(၃)ဆိုင်းနဲ့လုပ်ပေးပါမယ့်ဆိုပြီတော့ပြောထားတယ်၊ ဒါပေမယ့် အခုထိတော့ မစနိုင်သေးဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု မြန်ဆန်လာစေရန်အတွက် မြန်မာဘက်က ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများကို အသင့်ပြင်ဆင်ထားရှိထားပြီးဖြစ်ကြောင်း လည်း ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခုရှိသည့်အနက် တရုတ်-မြန်မာနယ်စပ် မူဆယ်ဇုန်တွင် မန့်ဝိန်းဂိတ်၊ ကျင့်စန်းကျော့ဂိတ်နှင့် ဝမ်တိန်ဂိတ် သုံးခုရှိကြောင်း၊ လက်ရှိ မန့်ဝိန်းဂိတ်တစ်ခုကိုသာ အချိန်(၃)ဆိုင်းခွဲပြီးကုန်သွယ်မှု ပြုလုပ်သွားရန် သဘောတူထားကြောင်း နှင့် လက်ရှိ မြန်မာဘက်က အသင့်အနေအထားရှိနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)