Connect with us

Local

မြန်မာ-နော်ဝေ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မည့် ငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး

ငါးကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ- MOALI Office)

ရန်ကုန် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

မြန်မာ-နော်ဝေ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မည့် ငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ နော်ဝေ နိုင်ငံသံအမတ်ကြီး Ms. Tone Tinnes တို့မှ အဆိုပါ အစီအစဉ်အရ မြန်မာနှင့်နော်ဝေ နှစ်နိုင်ငံအကြား ငါးလုပ်ငန်းဆိုင်ရာ နည်းပညာဖွံ့ဖြိုး တိုးတက် ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် နားလည်မှုစာချွန်လွှာအား ယနေ့ဇူလိုင် ၆ ရက်တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

ယခု နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် Fish for Development Programme စီမံကိန်းအား ဆက်လက် အကောင် အထည်ဖော်နိုင်မည်ဖြစ်ပြီး အဆိုပါ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်တွင် ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် ၊ အဏ္ဏဝါ သုတေသနလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ရေငန်ငါးမျိုးစိတ် မွေးမြူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

နှင့် အပြည်ပြည်ဆိုင်ရာ သဘော တူညီမှုများစသည့် ကဏ္ဍရပ်များအား တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှု ကာလမှာ ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် လထိ ၅ နှစ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.