Connect with us

Local

မြန်မာ-အင်ဒိုနီးရှား စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ စီးပွားရေး လုပ်ငန်းများအလိုက် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံအလံနှင့် အင်ဒိုနီးရှားအလံ (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် အင်ဒိုနီးရှား စီးပွားရေ လုပ်ငန်းရှင်များသည် ဇူလိုင်လ ၃၀ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို အင်ဒိုနီးရှား နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နိုင်ငံပိုငလုပ်ငန်းများ တို့၏ ဦးဆောင်မှုဖြင့် အင်ဒိုနီးရှား ကုမ္ပဏီ ၁၆ ခုတို့သည် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာ လုပ်ငန်းရှင်များ နှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များအား တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

ယင်း ဆွေးနွေးပွဲတွင် အင်ဒိုနီးရှား စီးပွားရေး လုပ်ငန်းရှင်များသည် သတ္တု တွင်းထွက် လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ကြေးနန်းနှင့် ဆက်သွယ်ရေး လုပ်ငန်း၊ ဘဏ္ဍာရေး လုပ်ငန်း၊ တိရိစ္ဆာန် အစားအစာ ထုတ်လုပ်သည့် လုပ်ငန်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း၊ ချည်မျှင်နှင့် အထည်လုပ်ငန်း ၊ လေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း၊ မီးရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ စက် ပစ္စည်း ကိရိယာနှင့် အပိုပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း စသည့် လုပ်ငန်းများကို မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လိုသည့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် UMFCCI ရုံးချုပ်၊ နိုင်ငံတကာ ဆက်ဆံရေးဌာန၊ ဖုန်း- ၀၁၂၃၀၁၅၃၄ သို့ ဆက်သွယ်၍ စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.