Connect with us

Local

ဟိုချီမင်း-ရန်ကုန် တိုက်ရိုက် ပြေးဆွဲမည့် Vietjet လေကြောင်းလိုင်း အောက်တိုဘာတွင် စတင် ပြေးဆွဲမည်

Vietjet လေကြောင်းလိုင်းမှ လေယာဉ်များအား မြင်တွေ့ရစဉ် ( ဓာတ်ပုံ-Vietjet လေကြောင်းလိုင်း)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံသည် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လျက်ရှိပြီး၊ ဗီယက်နမ်နိုင်ငံ လေကြောင်းပိုင် Vietjet ဟိုချီမင်း-ရန်ကုန် ခရီးစဉ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် စတင ်ပြေးဆွဲမည် ဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ တစ်ပတ်လျှင် ငါးရက် ပြေးဆွဲသွားမည် ဖြစ်ကြောင်း Echo Myanmar မှ သတင်း ထုတ်ပြန်သည်။

ဟိုချီမင်း နှင့် ရန်ကုန် ခရီးစဉ်အတွက် ပျံသန်းမှု ခန့်မှန်းကြာမြင့်ချိန် ၂ နာရီနှင့် ၁၅ မိနစ်ခန့် ကြာမြင့် နိုင်ကြောင်း သိရသည်။

အဆိုပါ VietJet လေကြောင်းလိုင်းမှ အသစ် ချိတ်ဆက် ပြေးဆွဲမည့် ခရီးစဉ် ဖြစ်သော ဟိုချီမင်း-ရန်ကုန် ခရီးစဉ်အတွက် လက်မှတ်များကို အထူး ပရိုမိုးရှင်း အစီအစဉ်ဖြင့် ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေလည် ၁၁ နာရီခွဲမှ နေ့လည် ၁ နာရီခွဲ ( မြန်မာစံတော်ချိန်) အတွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ အထူးအစီအစဉ်ဖြင့် ရောင်းချပေးသော ကံကောင်းခြင်း လက်မှတ်ကို အောက်တိုဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ စီးနင်းနိုင်မည် ဖြစ်သည်ဟု သတင်း ထုတ်ပြန်သည်။

ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ဟိုတယ် စီမံကိန်း၊ အင်တာနက် ဆက်ကြောင်း စီမံကိန်း စသဖြင့် စီမံကိန်း အသစ်များ တိုးချဲ့ဝင်ရောက်မှု ရှိပြီး ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဗီယက်နမ်၏ ဟိုတယ် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမှု ရှိသည်။ (Xinhua)