Connect with us

Local

ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့ အဆောက်အဦး ၂,၀၀၀ နီးပါးရှိ

ရန်ကုန်မြို့ရှိ တိုက်ခန်းများ (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ယခုနှစ် ဇူလိုင်လ တတိယ ပတ်ထိ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၂,၀၀၀ နီးပါး တွေ့ရှိထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာနထံမှ သိရသည်။

အဆိုပါ ခွင့်ပြုချက်မဲ့ အဆောက်အအုံများကို ရန်ကုန် မြောက်ပိုင်း ခရိုင်တွင် အလုံးပေါင်း ၁,၁၀၀နှင့် ဒုတိယ အများဆုံး အရှေ့ပိုင်းခရိုင်တွင် အလုံးပေါင်း ၉၀၀ ကျော် တွေ့ရှိထားသည်။

လက်ရှိ စည်ပင် နယ်နိမိတ်အတွင်း တည်ဆောက်နေသော အဆောက်အအုံများ အနက် ခွင့်ပြုချက်နှင့် အညီ တည်ဆောက်ခြင်း မရှိသော အဆောက်အအုံပေါင်း ၁၀၀ ကျော်ကို ယခုနှစ်အတွင်း တရားစွဲဆိုထား ကြောင်း ၊ ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေသည့် အဆောက်အအုံများကို ဖြိုဖျက် အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.