Connect with us

Local

ရန်ကုန်မြို့အတွင်း ကုန်သေတ္တာယာဉ်များ အချိန်ပိုင်းဝင်ထွက်ခွင့် အစီအစဉ် နိုဝင်ဘာလလယ်သို့ ရွှေ့ဆိုင်း

ရန်ကုန်ဆိပ်ကမ်းအတွင်း ကုန်တင်ကုန်ချပြုလုပ်နေသော ကုန်တင်သင်္ဘောအားတွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ကုန်သေတ္တာတင် ကွန်တိန်နာယာဉ် ကြီးများကို နိုဝင်ဘာ ၁ရက်နေ့မှစပြီး အချိန်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ပြေးဆွဲရန် ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ညှိုနှိုင်းဆွေးနွေးမှု မပြီးပြတ်သေးသဖြင့် နိုဝင်ဘာလလယ်သို့ ရွှေ့ဆိုင်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ကုန်သေတ္တာတင်ယာဉ်ကြီးများအား ညပိုင်းဝင်ခွင့်ပြုမည့်အချိန်နှင့် အခြားသောအကြောင်းအရာများ ကို ဆွေးနွေးမှုမပြီးပြတ်သေးသည့်အတွက် နိုဝင်ဘာလလယ်သို့ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကုန်သေတ္တာယာဉ်များ အချိန်ပိုင်းသာ ဝင်ထွက်ခွင့်နှင့် ပတ်သက်ပြီး ရန်ကုန် မြို့တော်စည်ပင်၊ ကုန်သေတ္တာ တင်ယာဉ်ကြီးနှင့် ကုန် တင်ယာဉ်ကြီးများ၏ လုပ်ငန်းရှင် များနှင့် ယင်းတို့နှင့် ဆက်နွှယ်နေ သောဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်း ဆွေးနွေးနေကြကြောင်း ၎င်းကဆိုသည်။

“ကုန်သေတ္တာယာဉ်တွေ ရန်ကုန်မြို့ထဲကို ညပိုင်းပဲဝင်ရတော့မယ်လို့ အောက်တိုဘာ ၁၃ရက်နေ့ကစ ထုတ်ပြန်လိုက်ပေမယ့် ကျွန်တော်တို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်လို့ ထပ်ညှိုနှိုင်းခဲ့ကြတယ်၊ ခု အစီအစဉ် ရွှေ့ဆိုင်းထားတယ်၊ အားလုံးအဆင်ပြေမယ့် နည်းလမ်းတော့ ရှာရမှာပေါ့၊ အအေးခန်းကားတွေဆို စရိတ်တွေပိုကျလာနိုင်တယ်”ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.