Connect with us

Local

လုပ်သက် (၂၅) နှစ်ပြည့် နိုင်ငံ့ဝန်ထမ်း ကားတင်သွင်းခွင့်ရမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမော်တာကားများသွားလာနေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

လုပ်သက် ၂၅ နှစ်ပြည့်ပြီး ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ညွှန်ကြား ရေးမှူးချုပ်နှင့် အထက်အဆင့်နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်များ ချပေးမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းးဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ယနေ့ နံနက် မီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ပထမအဆင့်အနေနဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့် နိုင်ငံ့ဝန်ထမ်းတွေအတွက် ဆောင် ရွက်ပေးပြီး ဒုတိယအဆင့်မှာ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ လုပ်သက် (၂၅ ) နှစ်ပြည့် နိုင်ငံ့ဝန်ထမ်း ကောင်းတံဆိပ်ရရှိသူ ဝန်ထမ်းတွေအတွက် ဆောင်ရွက်ပေးသွားမှာပါ” ဟု ဒုတိယဝန်ကြီးက ယနေ့ လွတ်လပ်ရေးနေ့ အခမ်းအနား၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောခဲ့ခြင်းဖြစ်သည်။

မည်သူမဆို အခွန်အခများ ပေးဆောင်ပြီး ကားတင်သွင်းခွင့်ရသော်လည်း ယခုအအစီအစဉ်အရ အခွန် အခသက်သာမှု ရမည် ဖြစ်ကြောင်း၊ လုပ်သက် ၂၅ နှစ်ပြည့်ပြီးကြောင်း သက်ဆိုင်ရာ ဝန်ကြီး ဌာနက ထောက်ခံစာ ရယူပြီးစီးပွား / ကူးသန်း ဝန်ကြီးဌာန၌ သွင်းကုန်ပါမစ်ကို လျှောက်ထားရမှာ ဖြစ် ကြောင်း၊ ကားတင်သွင်းသည့်အခါ ငွေချက်ချင်းမပေးချေနိုင်လျှင် ဘဏ်များနှင့် ချိတ်ဆက်ပြီး အရစ်ကျ ဝယ်ယူ နိုင်ရေးအတွက် စီးပွား / ကူးသန်း ဝန်ကြီးဌာက စီစဉ်ပေးမည် ဖြစ်ကြောင်း၊ ကား show room များနှင့် ချိတ်ဆက်ပြီး လိုချင်သည့် ကားကို ရရှိနိုင်ရေးအတွက်ပါ ညှိနှိုင်းဆောင်ရွက်ပေး မည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်  ညှိနှိုင်းမှုကို ယခုလ ၁၀ ရက်၌ စီးပွားကူးသန်း ဝန်ကြီးဌာန၌ ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများအား ဖိတ်ကြားထားပြီးဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့သည်။“သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စာရင်းတွေ ပေးပြီးတာနဲ့ ကျွန်တော်တို့က အမြန်ဆောင်ရွက်ပေး သွားပါမယ်” ဟုလည်း ဒုတိယဝန်ကြီးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.