Connect with us

Local

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်း၍ စီးပွားရေးကဏ္ဍအခက်အခဲများ ဖြေရှင်းနေမှုအား ပြန်လည်သုံးသပ်

ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တို့တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ခြင်း အခြေအနေအား ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တွေ့ဆုံဆွေးနွေးစဉ် ပြန်လည်သုံးသပ်ခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်၍ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများ နှင့် ပတ်သက်၍ တင်ပြချက်များ အား အချိန်ယူကာ ဥပဒေပြင်ဆင်ရမည့်အချက်များ၊ မူဝါဒပြင်ဆင်ရန်လိုအပ်သည်များ ပါဝင်သော်လည်း၊ အချိန်တိုအတွင်း ပေါင်းစပ်ညှိုနှိုင်းဖြေရှင်းနိုင်မည်များကို ဦးစားပေး ဖြေရှင်းလျက်ရှိသည့် အခြေအနေများ၊ ဖြေရှင်းမှုတွင် နှောင့်နှေးနေမှုများအား ပြန်လည်သုံးသပ်ကာ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်ရန်နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံတော် ဒုတိယသမ္မတနှင့် ပုဂ္ဂလိက ကဏ္ဍတို့ လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးခဲ့ရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ မှ စတင်၍ ယခုနှစ် မေလအထိ ခြောက်ကြိမ်တိုင် ရှိပြီဖြစ်ပြီး အစိုးရနှင့်ညှိနှိုင်းဖြေရှင်းရန် ပုဂ္ဂလိကဏ္ဍမှ တင်ပြချက် စုစုပေါင်း ၉၁ ချက် ရှိပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ယခင်တင်ပြထားချက်များအပေါ် သုံးသပ်ဆွေးနွေးခြင်းများအပြင် ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ကုန်သည်စက်မှုအသင်းချုပ် တက္ကသိုလ်တည်ထောင်ရေး၊ ကုန်ပစ္စည်းများတွင် ပစ္စည်းအမှတ်တံဆိပ်များ ဖော်ပြတပ်ဆင်ရေး၊ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေး၊ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရန် ခရီးစဉ်သစ်များအား တိုးချဲ့ဖော်ဆောင်ရေး၊တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်သော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အချိန်ကာလတစ်ခုအကြာတွင် ဥပဒေအရ အရေးယူမှုလုပ်ငန်းများ ဆောင်ရွက်ရေးစသည်များတွင် ပူးပေါင်းလုပ်ဆောင်နိုင်မည်များကို ညှိနှိုင်းခဲ့ကြကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.