Connect with us

Local

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် ယမန်နှစ်ကထက် ဆန်တန်ချိန် ၁ ဒသမ ၇၄ သန်း တိုးမြင့် တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအဓိက ထွက်ကုန်ဖြစ်သော စပါးများအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် ဆန်ဈေးကွက်အသစ်များ ရရှိခဲ့သဖြင့် ယမန်နှစ်ကထက် ဆန်တန်ချိန် ၁ ဒသမ ၇၄ သန်း တိုးမြင့် တင်ပို့နိုင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင် ထူးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“EU နိုင်ငံများ၊ အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံအထိ ဈေးကွက်အသစ်များ ရရှိခဲ့တဲ့အတွက် ယခုနှစ်အတွင်း စုစုပေါင်း ဆန်တန်ချိန် ၁ ဒသမ ၇၄ သန်းအထိ တိုးချဲ ့တင်ပို့နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြည်ထောင်စု ဝန်ကြီး ကိုယ်စား ပြောကြားခဲ့သည်။

စေတုတ္တရာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်၏ “တောင်သူလယ်သမား များ၏ သီးနှံများ ဈေးကောင်းရရှိရေး၊ ခိုင်မာသော ဈေးကွက် ရရှိရေးအတွက် အစိုးရက ခိုင်မာသော နိုင်ငံခြား ဈေးကွက် ရှာဖွေပေးရန် အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းကို ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်တွင် အဓိက ပြည်ပ ပို့ကုန် သဘာ၀ ဓာတ်ငွေ့ တင်ပို့မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့်လျော့ကျခဲ့သော်လည်း ထိုသို့ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့မှုများကြောင့် လယ်ယာထွက်ကုန် တန်ချိန် ၆ ဒသမ ၄၉ သန်း (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၉၂၈ သန်းကျော်ဖိုး) တင်ပို့နိုင်ခဲ့ကြောင်း CMP အထည်ချုပ် လုပ်ငန်းများ၊ Re-export လုပ်ငန်းများမှာပါ ပို့ကုန် တိုးတက် ဆောင်ရွက်နိုင်ခဲ့သဖြင့် ယမန်နှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၈၆၀ ကျော်ဖိုးခန့်ပိုမို တင်ပို့နိုင်ခဲ့ကြောင်း၊ နှမ်းမျိုးစုံကို ယခင်က တရုတ်နိုင်ငံကိုသာ အားထားတင်ပို့ခဲ့ရာမှ ယခု ဘဏ္ဍာနှစ်အတွင်း ကိုရီးယား၊ စင်ကာပူ အပါအဝင် နိုင်ငံ ၁၂ နိုင်ငံတို့သို့ ဈေးကွက် ချဲ ့ထွင်နိုင်ခဲ့ကြောင်း၊ EU နိုင်ငံများသို့ ပဲတင်ပို့ရာတွင် ဈေးကွက်ခိုင်မာရေး၊ ဈေးကွက်သစ်များ ရရှိရေးအတွက် EU Audit အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ပျိုးရေး ထွက်ကုန်များ အရည်အသွေး ကောင်းမွန်ရေးနှင့် အထွက်နှုန်း တိုးရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တောင်သူများနှင့် ပူးပေါင်းပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ နည်းစနစ်များ၊ ထွက်ကုန် ဓာတု ပိုးမွှား ကင်းစင်ရေး အစားအစာ ဘေးအန္တရာယ်ကင်းရေး အရည်အသွေး စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း ခိုင်မာသော ဈေးကွက်ရရှိရေးအတွက် နိုင်ငံတကာ အကူအညီများ ရယူပြီး အမျိုးသား အဆင့် ပို့ကုန် မဟာဗျူဟာ (NES:_ National Export Strategy) အစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော် လျက်ရှိကြောင်း ရှင်းလင်း တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.