Connect with us

Local

အမေရိကန်ဒေါ်လာ နှင့် ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လျက်ရှိ

အမေရိကန်ဒေါ်လာ နှင့် ကျပ်ငွေအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်ဒေါ်လာဈေး နှင့် ရွှေဈေးနှုန်းသည် စံချိန်တင်မြင့်တက်လျက်ရှိပြီး စက်တင်ဘာတတိယပတ်တွင်မှု ပြင်ပတွင် အမေရိကန်တစ်ဒေါ်လာ ကို ကျပ် ၁၆၃၀ ပေါက်ဈေးရှိပြီး မြန်မာ့ရွှေဈေးတစ်ကျပ်သား ကို ကျပ် ၁,၀၃၅,၀၀၀ အထိ မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက “အမေရိကန်ဒေါ်လာဈေး က အတက်အကျကြမ်းနေတဲ့ အတွက် ဗဟိုဘဏ်အနေနဲ့ ဈေးနှုန်းတည်ငြိမ်အောင်၊ ဈေးကစားမှုတွေ မရှိအောင် ဆောင်ရွက်နေပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။ဒေါ်လာဈေးသည် ၂၀၁၈ ခု နှစ် တွင် ဇွန် လ နောက်ပိုင်းမှ စတင်၍ ဆက်တိုက်မြင့်တက်လျက်ရှိသည်။ ဇွန်လ ၂၂ ရက်နေ့တွင် တစ်ဒေါ်လာ ၁၃၆၉ကျပ် ရှိခဲ့ပြီး စက်တင်ဘာလ ၂၁ ရက် နေ့တွင် တစ်ဒေါ်လာကို ၁၆၃၀ ကျပ်ပေါက်ဈေးရှိပြီး ၃ လ ခန့် အတွင်း တစ်ဒေါ်လာ ကို ကျပ် ၂၆၀ ကျော် ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေဈေးထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ– Central Bank)

ငွေကြေးဈေးကွက်ကိုစောင့်ကြည့်လေ့လာသူဦးစန်းဝင်းက “ဒေါ်လာဈေးတွေက ဆက်တိုက်တက်တာ လချီကြာနေပြီ။ မြန်မာ့ငွေတန်ဖိုးက တခြားနိုင်ငံတွေထက် ပိုကျဆင်းလာတာတွေ့ရတယ်’’ ဟု ဆင်ဟွာကိုပြောသည်။အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင် က “ရွှေကို အိန္ဒိယကအဝယ်လိုက်နေတယ်။ ရွှေဈေး ဆယ်သိန်းကျော်သွားတာက ရက်ပိုင်း အတွင်း တက်သွားတာ။ ဆယ်သိန်းအထက် ကို ရောက်တာ ပထမဆုံးပဲ။ ရွှေဈေးကွက်မှာ အရောင်း သမားများပြီး အဝယ်သမားနည်းတယ်။ လက်ဝတ်လက်စားတွေကတော့ အဝယ်ကျသွားတယ်။ ရွှေကုန်သည်တွေက တချို့မြတ်၊ တချို့ရှုံးဖြစ်နိုင်သေးတယ်။ ဒေါ်လာတက်တာကြာနေပြီ ရွှေက အခုမှ စပြီး တက်တာ။ ရွှေက ဒေါ်လာလောက်တော့ ဝုန်းကနဲ မတက်နိုင်ဘူး’’ ဟုဆင်ဟွာကိုပြောသည်။

ကမ္ဘာ့ရွှေဈေးအနေဖြင့် စက်တင်ဘာ ၇ ရက်နေ့တွင် တစ်အောင်စ ၁၂၀၀ ဒေါ်လာရှိပြီး၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ၁၂၀၅ဒေါ်လာရှိသောကြောင့် သိသိသာသာမတက်သော်လည်း မြန်မာနိုင်ငံတွင် ဒေါ်လာဈေး မြင့်တက်မှုကြောင့် ရွှေဈေးပါလိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေကုန်သည်တချို့ မှ သုံးသပ်ပြောကြားသည်။

ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင် “ရွှေဈေးတက်ရတာ က ဒေါ်လာဈေးတက်လို့ ကမ္ဘာ့ရွှေဈေးက သိပ်ပြီး အပြောင်းအလဲမရှိဘူး။ အခေါက်တုံးတွေကတော့ အရောင်းအဝယ်ရှိနေတယ်။ ရွှေဈေးအတက်အကျက ဒေါ်လာဈေးပေါ်မူတည်တယ်။’’ ဟု ဆင်ဟွာကိုပြောသည်။ပန်းပဲတန်းမြို့နယ်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ကိုမျိုးကျော်ကျော်ကလည်း “ရွှေဈေးကဒီရက်ပိုင်း အတွင်း ခုန်ခုန်တက်သွားတာ။ ရွှေဈေးက ထပ်တက်နိုင်ခြေတော့ ရှိတယ်။ ဘယ်လောက် တက်နိုင်မလဲဆိုတာကတော့ ခန့်မှန်းရခက်နေတုန်းပဲ။ရွှေတုံး ကိုင်ထားသူတချို့ကလည်း ထပ်တက်နိုင်တယ်ဆိုပြီး စောင့်နေကြသူတွေလည်း ရှိတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာ ကို ၁၅၇၈ ကျပ် ဖြင့် ဈေးဖွင့်ခဲ့ပြီး ယနေ့စက်တင်ဘာလ ၂၁ ရက်နေ့တွင် တစ်ဒေါ်လာကို ၁၅၉၇ကျပ် ဖြင့်ဈေးဖွင့်ခဲ့သောကြောင့် ဗဟိုဘဏ် ၏ ဒေါ်လာဈေးအဖွင့်လည်း မြင့်တက်ခဲ့သည်။ နှစ်စဉ် ငွေကြေးဖောင်းပွမှု ၅.၂ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက “ငွေဈေးက တအားတက်နေတယ်။ ဈေးကလည်း နာရီပိုင်း အတွင်းပြောင်းနေတယ်။ မြန်မာနိုင်ငံက အိတ်စပို့ ထက် အင်ပို့ က ပိုများတဲ့ နိုင်ငံဖြစ်နေတယ်။ စက်သုံးဆီ၊ ဆေးပစ္စည်းတွေ တင်သွင်းရတော့ အခြေခံလူတန်းစား အတွက် တော့ ခက်တယ်။ ကုန်ဈေးနှုန်း တက်လာရင် အခြေခံလူတန်းစားကို ရိုက်ခတ်စေနိုင်တယ်။ ကုန်သွယ်ရေးလိုငွေကြောင့် ငွေဈေးတက်ရင် အိတ်စပို့ ထွက်နိုင်အောင် အားပေးရမယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ဒေါ်လာဈေးဆက်တိုက် မြင့်တက်နေမှု အား ထိန်းညှိဆောင်ရွက်နိုင်ရန် အစိုးရက အမျိုးသား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ တရပ် ဖွဲ့စည်း ဆောင်ရွက်နေကြောင်း သိရသည်။အဆိုကပါကုမ္ပဏီတွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူပြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အပါအဝင် သက်ဆိုင်ရာ ဗဟိုဘဏ် တာဝန်ရှိသူများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)