Connect with us

Media

၈ လကျော်အတွင်း ပဲနှင့် ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၃၁.၉၅၅ သန်းကျော် ဝင်ငွေရရှိခဲ့

ရန်ကုန် — မြန်မာနိုင်ငံသည် ၈ လကျော်အတွင်း ပဲနှင့် ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၃၁.၉၅၅ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၂၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ ပင်လယ်ရေကြောင်းမှ တစ်ဆင့် ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၉၆၄,၉၈၇ ကျော် တင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၁၃၅,၃၈၃ ကျော် တင်ပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ (Xinhua)