Connect with us

Local

ကျောက်မျက်ရိုင်းများ နှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာ ကျပ်ငွေဖြင့် ရောင်းချပွဲ နိုဝင်ဘာလတွင် ကျင်းပမည်

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအား ဇူလိုင်လ အတွင်း ကျင်းပခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ကျောက်မျက်ရိုင်းများ နှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာ ကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမတွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက် အထိ ကျင်းပ သွားမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ဗဟိုကော်မတီမှ ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေ ၊ နည်းဥပဒေများ နှင့် အညီ ခွင့်ပြုမိန့်နှင့် လိုင်စင် ရယူ ထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်ကြောင်း ၊ ကျောက်မျက် ရတနာ ရောင်းချပွဲသို့တက်ရောက် ဝယ်ယူလိုသော နိုင်ငံသား ရတနာ ကုန်သည်များသည် သတ်မှတ် ထားသည့် အာမခံ စပေါ်ငွေ နှင့် ဝင်ကြေးငွေများ ပေးသွင်း ရမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မျက် ရတနာ ရောင်းချပွဲသို့ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက် ရတနာ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ၊ လိုင်စင် ရယူ၍ ကျောက်မျက် ရတနာ အချောထည် ထုတ်လုပ်ခြင်း ၊ ရောင်းချခြင်း ၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ၊ ကျောက်မျက် ရတနာ ကုမ္ပဏီ မှတ်ပုံတင် ရရှိပြီးသူများ ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင် အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များ နှင့် အညီ ရောင်းချပွဲသို့တက်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ရောင်းချပွဲတွင် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များက တင်ပြ ရောင်းချ လိုသည့် ကျောက်စိမ်း အတွဲ စာရင်း လျှောက်လွှာများကို စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက် အတွင်း ကျောက်စိမ်း လုပ်ငန်း ကော်မတီသို့လာရောက် လျှောက်ထား ရမည် ဖြစ်ကြောင်း သိရသည်။

ရောင်းချပွဲတွင် တင်ပြ ရောင်းချမည့် ကျောက်မျက် ရတနာများ စစ်ဆေး လက်ခံခြင်း ၊ အခြေခံ ရောင်းဈေး ညှိနှိုင်း သတ်မှတ်ခြင်း ၊ ခင်းကျင်း နေရာ ချထားခြင်းများကို အောက်တိုဘာ ၁၀ ရက်မှ ၃၁ ရက် အထိ သက်ဆိုင်ရာ လုပ်ငန်းရှင်များ နှင့် ညှိနှိုင်း ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

ရောင်းချပွဲသို့တက်ရောက်လိုသော နိုင်ငံသား ရတနာ ကုန်သည်များကို နိုဝင်ဘာ ၅ ရက်မှ စ၍ နေပြည်တော် ၊ မဏိရတနာ ကျောက်စိမ်း ခန်းမရှိ ရတနာ ကုန်သည် မှတ်ပုံတင် အဆောက်အအုံတွင် ရောင်းချပွဲ တက်ရောက် ဝယ်ယူခွင့် ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံသား ရတနာ ကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်း ရမည့် ပုံစံများကို ဝန်ကြီးဌာန Website www.mining.gov.mm နှင့် မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း Website www.mge.gov.mm တွင် Download ရယူနိုင်ကြောင်း ၊ Online မှတဆင့် လျှောက်ထားလိုပါက Website www.mge.gov.mm , On-Line Pre-Registration System တွင် မှတ်ပုံတင်၍ ရောင်းချပွဲ တက်ရောက်ခွင့် ကိစ္စရပ်များ ဆောင်ရွက်နိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.