Connect with us

Local

အီးယူ၏ တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း ဒုတိယ သမ္မတ ပြော

Myanmar – EU Economic Forum တက်ရောက်လာသူများကိုတွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ဝင်ရောက်လာမည့် ဥရောပနိုင်ငံများ၏ တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုလျက်ရှိပါကြောင်း နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက နေပြည်တော် Kempinski Hotel တွင် ယနေ့ ပြုလုပ်သော Myanmar – EU Economic Forum ၌ ပြောကြားခဲ့သည်။

“အီးယူရဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံတော် အစိုးရက နွေးထွေးစွာ ကြိုဆိုပါ ကြောင်း အတည်ပြု ပြောကြားလိုပါတယ်၊ အီးယူရဲ့ ရင်းနှီး မြှုပ်နှံမှုများနဲ့အတူ နည်းပညာနဲ့ ကျွမ်းကျင် မှု များကိုလည်း မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောခဲ့ သည်။

ထိုသို့ ဝင်ရောက်လာခြင်းဖြင့် မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံများ အကြား ရင်းနှီးသည့် ဆက်ဆံရေးကို မြှင့်တင်ပေးပြီး နိုင်ငံအသီးသီးနှင့် ပြည်သူများအပေါ် အကျိုး ဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး တို့နှင့် ပတ်သက်ပြီး အနာဂတ်တွင် အီးယူနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့မျှော်လင့်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

Myanmar – EU Economic Forum တွင် မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ် Mr. Rolad Kobia မိန့်ခွန်းပြောနေစဉ်။(ဆင်ဟွာ)

Myanmar – EU Economic Forum တွင် EUROCHAMBRES CEO Mr. Arnaldo Abruzzinni မိန့်ခွန်းပြောနေစဉ်။(ဆင်ဟွာ)

Myanmar – EU Economic Forum တွင် EuroCham Myanmar Chairman Mr. David Levrat မိန့်ခွန်းပြောနေစဉ်။(ဆင်ဟွာ)

ဒုတိယ သမ္မတက “မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အားသာချက်များပြားစွာ ရှိတဲ့နိုင်ငံ ဖြစ်ပါ တယ်၊ ဖွံ့ဖြိုးဆဲ အာဆီယံနိုင်ငံများနဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ နှစ်ခုအကြား ကုန်စည် စီးဆင်းမှုများ ပြုလုပ်နိုင်တဲ့ မဟာဗျူဟာ အချက်အခြာနေရာလည်း ဖြစ်ပါတယ်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီး အာရှတိုက်ရဲ့ ကုန်စည် သယ်ယူ ပို့ဆောင်ရေးကို ပိုမို အဆင်ပြေအောင် မြှင့်တင်ပေးနိုင်တဲ့ ဆုံမှတ်တစ်ခုလည်း ဖြစ်ပါတယ်၊ ဒါ့အပြင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် လိုအပ်တဲ့ သယံဇာတများနဲ့ လူသား အရင်းအမြစ်ဖြစ်တဲ့ လူငယ် လူဦးရေ များပြားစွာ ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား လုပ်ငန်း၊ သတင်း အချက်အလက် ဆက်သွယ်ရေး၊ ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများတွင် အဓိက ထား ရင်းနှီးမြှုပ်နှံလျက် ရှိကြပြီး ထိုလုပ်ငန်းများသည် ဈေးကွက် ပိုမို ကျယ်ပြန့်လာရန် အလားအလာ ကောင်းများ ရှိနေကြောင်း၊ ဒေသခံ လူ့အဖွဲ့အစည်းများအတွက် များစွာ အကျိုးရှိနိုင်သည့် အခြား သော ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ အများအပြားလည်း ရှိနေကြောင်း ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံသည် အီးယူ ပါလီမန်၏ စီးပွားရေး မူဝါဒများ ကျင့်သုံးရန် နိုင်ငံ ၁၀ နိုင်ငံတွင် ပါဝင်နေ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ် Mr. Roland Kobia က ယနေ့ ဖိုရမ်တွင် ပြောခဲ့သည်။ ၎င်းက “အီးယူ ပါလီမန်မှာ မနေ့ကပဲ စီးပွားရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ပြီး နိုင်ငံ ၁၀ နိုင်ငံမှာ အဓိက ထား ဆောင်ရွက်သွားဖို့ရှိပါတယ်၊ အဲဒီ ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံ ပါပါတယ်၊ အီးယူရဲ့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ စီးပွားရေး လာလုပ်ဖို့ EuroCham Myanmar ကနေ တစ်ဆင့် ဆောင်ရွက်သွားပါမယ်၊ ဒီလို ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံဘက်က လုပ်ပေးရမှာတွေ ရှိပါတယ်၊ နိုင်ငံရေး စီးပွားရေး တည်ငြိမ်ဖို့နဲ့ ပွင့်လင်း မြင်သာမှု ရှိအောင် လုပ်ပေးဖို့ပါ၊ အထူးသဖြင့် အကျင့်ပျက် ခြစားမှုတွေကို တားဆီးနိုင်တာက ပွင့်လင်းမြင်သာမှုပါပဲတစ်နိုင်ငံလုံးမှာ သင့်တော်တဲ့ စီးပွားရေး အခြေအနေ ဖန်တီးပေးနိုင်ရင် နိုင်ငံရေးလည်း ငြိမ်းချမ်းသွားမယ်လို့မျှော်လင့်ပါတယ်၊ နိုင်ငံရေးဝန်းကျင်က မဆောင်ကြဉ်းပေးနိုင်တာကို စီးပွားရေးက ဆောင်ကြဉ်းပေးနိုင်တာလည်း ရှိပါတယ်၊ အီးယူ ကုမ္ပဏီတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာမယ်၊ လုပ်ငန်း ကျွမ်းကျင်မှု အရည်အချင်းတွေလည်း တိုးတက်လာနိုင်ပါတယ်၊ အီးယူအနေနဲ့ ဒါတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ အဆင့်သင့် ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖိုရမ်သို့ တက်ရောက်လာသည့် EUROCHAMBRES ( The Association of European Chambers of Commerce and Industry) ၏ CEO Mr. Arnnaldo Abruzzini နှင့် EuroCham Myanmar ၏ ဥက္ကဋ္ဌ Mr. David Levrat တို့ကလည်း အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေး အထူး အကြံပေး ဖြစ်သည့် Prof. Sean Turnell အပါအဝင် အစိုးရ အဖွဲ့အစည်းအသီးသီးမှ ပညာရှင်များ၊ ပြည်တွင်း ပြည်ပ NGOs များမှ ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းကြီးများမှ ပညာရှင်များ၊ အရာရှိကြီးများ — စုစုပေါင်း နှစ်ဆယ်ဦးခန် ့ က ကဏ္ဍခြောက်ခု ခွဲပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.