Connect with us

Local

၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှုမြှင့်တင်ရေး အခမ်းအနားကျင်းပ

၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်မြို့နယ် မိုင်းယု ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှုမြှင့် တင်ရေးအခမ်းအနားကို မေ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်ကကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်းအခမ်းအနားတွင် ဌာနဆိုင်ရာများနှင့် ကုန်သည် ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များက ကုန်သွယ်မှုမြင့်တင်ရေးတွင် ဆောင်ရွက် ရမည့် ကိစ္စရပ်များနှင့် ယာဉ်ကြော ပိတ်ဆို့မှုမရှိစေရေး ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်အနေဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ မေ ၂၅ ရက်အထိ ပို့ကုန်(Export)လျာထားချက် ဒေါ်လာသန်း ၁,၈ဝ၅ မျှော်မှန်းထားပြီး အမှန်တကယ် ဆောင်ရွက်နိုင်မှုမှာ ၄၉၂ ဒသမ ၁၇၇ ဒေါ်လာ သန်းဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် မေလအတွက် ပို့ကုန် (Export)၊ သွင်းကုန်(Inport) လျာထား ချက် စုစုပေါင်း ဒေါ်လာသန်း ၄ဝ၂ ဖြစ်ပြီး မေ ၂၅ ရက် အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ၄၃၄ ဒသမ ၉၇၂ ဒေါ်လာသန်း ဖြစ်သဖြင့် မေလအတွက် ကုန်သွယ်မှုပမာဏ လျာထားချက်အား ၁ဝ၈ ဒသမ ၂ဝ၂ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တာဝန်ခံညွှန်ကြား ရေးမှူး ဦးမြင့်သူရနှင့် ကုန်သွယ်ရေး ဝန်ထမ်းများ၊ အကောက်ခွန်ဝန်ထမ်း များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မူဆယ်-နမ့်ခမ်း နယ်စပ် ကုန် သည် ကြီးများအသင်းမှဥက္ကဋ္ဌနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီ ဝန်ထမ်း များနှင့် ကိုယ်စားလှယ်များ၊ အေးဂျင့် များ တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.