Local
၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၃၂ တွဲ ရောင်းချနိုင်ခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၃၂ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲကို စတုတ္ထနေ့တွင် အခြေခံဈေးယူရိုငွေ ၅၀၀ နှင့်အထက် တန်ဖိုး သတ်မှတ် ထားသည့် ကျောက် မျက်အတွဲ ၁၉၀ တွဲအနက်မှ အတွဲပေါင်း ၃၂ တွဲအား ပြည်တွင်းပြည်ပ ရတနာ ကုန်သည်များထံ ရောင်းချပေး နိုင်ခဲ့ကြောင်း သိရသည်။အဆိုပါ ကျောက်မျက်အတွဲ ၃၂ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်းတန်ဖိုး ယူရိုငွေ ၀ ဒသမ ၇၆ သန်း ခန့်ရှိကြောင်း သိရသည်။ပြပွဲစတုတ္ထနေ့သို့ ပြည်တွင်း/ ပြည်ပ ရတနာကုန်သည် စုစုပေါင်းဦးရေ ၄၃၇၁ ကျော် တက်ရောက် ခဲ့ကြပြီး ကျောက်မျက်၊ ကျောက်စိမ်း အတွဲများအား စိတ်ကြိုက် ကြည့်ရှုလေ့လာကာ တင်ဒါပုံများ အတွင်းသို့ ဈေးနှုန်းတင်သွင်းလွှာများ ထည့်သွင်းကြကြောင်း သိရသည်။
၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် (၁)မှ(၁၁၅၀)ထိ လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၁၁၅၁)မှ(၂၃၀၀)ထိ လည်းကောင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၂၃၀၁)မှ(၃၄၅၀)ထိ လည်းကောင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၃၄၅၁)မှ(၄၆၀၀)ထိ လည်းကောင်း၊ ဒီဇင်ဘာ ၂၀ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် (၄၆၀၁)မှ(၅၇၅၀)ထိ လည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် (၅၇၅၁)မှ(၆၆၈၅)ထိ လည်းကောင်း ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်း တွဲပေါင်း ၆၆၈၅ တွဲနှင့် ကျောက်မျက်တွဲပေါင်း ၁၉၀ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေး သည့်အပြင် ကျောက်စိမ်း၊ ကျောက်မျက် တန်ဖိုးမြင့် အချောထည် ပစ္စည်းများကိုလည်း ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိသည်။(Xinhua)