Connect with us

Local

ရွှေ့ပြောင်းအလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရန် အဓိက လိုအပ်လျက်ရှိ

၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနား ကျင်းပခဲ့စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ရွှေ့ပြောင်းအလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရန် အဓိက လိုအပ်လျက်ရှိကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

အလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုနှင့် အတူ ၎င်းတို့၏ ကျွမ်းကျင်မှု အပေါ် ပြည်တွင်း သာမက ပြည်ပမှာပါ အသိအမှတ်ပြုအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၊ ကျွမ်းကျင်မှုအသိအမှတ်ပြုရေး နှင့်စပ်လျဉ်း သည့် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ ပေါ်ထွက်လာရန် ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဒုတိယသမ္မတက ဒီဇင်ဘာ ၁၈ ရက်တွင် နေပြည်တော်၌ ကျင်းပသော အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အာဆီယံဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၆ ဒသမ ၅ သန်း ရှိပြီး မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ တို့သည် ဒေသတွင်း အဓိက ရွှေ့ပြောင်းသွားလာကြသည့် နေရာများဖြစ်ကြောင်း သိရသည်။

ထို့အတူ ဖွံဖြိုးဆဲနိုင်ငံ အများအပြားမှ ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေသည် နိုင်ငံ ၏ GDP အတွက် အရေးပါသော အရင်းအမြစ်များ ဖြစ်ကြောင်း၊ ထို့ကြောင့် မိသားစုလွှဲပို့ငွေကို လုံခြုံစိတ်ချရသော လမ်းကြောင်းမှ လျှင်မြန်ချောမွေ့စွာ လွှဲပြောင်းပေးပို့နိုင်ရန် ယခု ထက်ပိုပြီး အားစိုက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဒုတိယသမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။

ယခုအခါတွင် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခု အပါအဝင် ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရအေဂျင်စီ ၂၆၁ ခု မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ မြန်မာ အလုပ်သမားများကို စနစ်တကျ စေလွှတ်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ခေတ်စနစ်နှင့် လိုက်လျောညီထွေပြီး အပြည်ပြည် ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီရန် ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း သိရသ်။

ပုံမှန် မဟုတ်သည့် ရွှေ့ပြောင်းသွားလာခြင်းကို ပပျောက်စေရန် အလုပ်သမားစေလွှတ်သော နိုင်ငံနှင့် အလုပ်သမားလက်ခံသည့်နိုင်ငံများ သာမက နှစ်နိုင်ငံ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထိုအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား နှင့်ပတ်သက်၍ ၂၀၀၀ ပြည့်နှစ် တွင် ကျင်းပခဲ့သည့် (၅၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာလ ၁၈ ရက် နေ့ကို နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံအလိုက် အပြည် ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို ကျင်းပခဲ့သည် မှာ ယခုနှစ်သည် ဆဋ္ဌမ အကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.