Connect with us

Local

၂၀၂၀-၂၁ ဘဏ္ဍာနှစ် တစ်လကျော်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၂၀၉ ဒသမ ၆၁၆ သန်း ရရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့တော် အပေါ်စီးမြင်ကွင်းကို ၂၀၁၈ ခုနှစ် မေ ၂၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ် တစ်လကျော်ကာလအတွင်း စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂၀၉ ဒသမ ၆၁၆ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်မှုအရ သိရသည်။

အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့မှုမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၁၄ ခု ၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၆၅ ဒသမ ၇၈၆ သန်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၉၉ ဒသမ ၇၅၆ သန်း ဖြစ်ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန် ဥပဒေ အရ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၉ ဒသမ ၈၆၀ သန်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော် ရရှိခဲ့ပြီး ယခု ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့အတူ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့မှုမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၇ ခု ၊ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၁၂၈ သန်း အပါအဝင် ကျပ် ၆၁,၀၇၅ ဒသမ ၈၅၃ သန်း ဖြစ်ကြောင်း ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၄၂၉ သန်း အပါအဝင် ကျပ် ၆၉,၈၆၀ ဒသမ ၀၁၉ သန်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အာမခံ ကုမ္ပဏီ ၂၄ ခုက မတည်ရင်းနှီးငွေ ပမာဏ အမေရိကန်ဒေါ်လာ ၁၅၂ ဒသမ ၁၁၇ သန်း ၊ ကျပ် ၆၇ ဒသမ ၃၁၇ ဘီလီယံဖြင့် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.