ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရန် လျှောက်ထားသော ပြည်တွင်း ပြည်ပကုမ္ပဏီများ အနက် ဇွန်လကုန် အထိ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၁၃ ခုကို ထပ်မံ ခွင့်ပြုပေးကြောင်း မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယနေ့ ဆင်ဟွာကို ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ယနေ့ဇူလိုင် (၁) ရက်မှ စတင်၍ တစ်သောင်းတန် ငွေစက္ကူအသစ်အား ဈေးကွက်အတွင်းသို့ရောက်ရှိစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်များသို့ဖြန့်ဝေပေးနေပြီ ဖြစ်ပြီး တစ်သောင်းတန် ငွေစက္ကူအသစ် ထွက်ရှိလာခြင်းကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းသွားနိုင်ခြင်း ၊ ဒေါ်လာဈေး အပြောင်းအလဲ လှုပ်ခတ်မှု ဖြစ်ပေါ်နိုင်ခြင်း...
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ယခု နေပြည်တော်တွင် ကျင်းပနေသည့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ၌ အခြေခံဈေး အမြင့်ဆုံး ယူရိုငွေ ခြောက်သိန်းဖြင့် လေလံတင် ရောင်းချခဲ့သည့် ပတ္တမြားကို ယူရို ရှစ်သိန်းကျော်ဖြင့် ပြည်တွင်း ရတနာကုန်သည် တစ်ဦးက ဝယ်ယူသွားကြောင်း မြန်မာ့ ကျောက်မျက်ရတနာ...
ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ အခြေခံ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ တစ်ရက်လျှင် ကျပ် ၃,၆၀၀ တရားဝင် သတ်မှတ် လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ယနေ့ ထုတ်ပြန် ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ယနေ့ ပေကျင်းမြို့တွင် ကျင်းပသည့် အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၏ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံမှ Founder Member (မူလအဖွဲ့ဝင်) နိုင်ငံ အဖြစ် လက်မှတ် ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့်...
ရန်ကုန်၊ဇွန်၂၈ရက်(ဆင်ဟွာ) ဇူလိုင်၁ရက်နေ့တွင် ထုတ်ဝေမည့် ငွေစက္ကူကျပ် ၁၀,၀၀၀ တန်သည် သက်တမ်းပိုမိုကြာရှည်ရန် ပြုလုပ်ထားပြီး၊ တောက်ပသည့် မြစိမ်းရောက်ပုံစံဂဏန်းသစ်၊ ရေစာသစ်နှင့် မျက်နှာပြင်နှစ်ဘက်ကို ဗားနစ်(Varnish) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့ ကြေညာချက်ထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၅၂ ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲတွင် မနှစ်က ပြသခဲ့သည့် ကျောက်စိမ်းတွဲ အရေအတွက်ထက် အတွဲပေါင်း ၁၅၀၀ လောက် ပိုမို ပြသခဲ့ကြောင်း ကျောက်မျက် ရတနာ ပြပွဲ စီမံရေးရာ လုပ်ငန်းကော်မတီ...
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း (၂၀၄၀) ကို ယနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြု ခဲ့သည်။ ဤ စီမံကိန်းကို ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်ကို အစိုးရအဖွဲ့ ကိုယ်စား ရန်ကုန်မြို့တော်ဝန်...
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) မြန်မာ့ဆန် အီးယူဈေးကွက်ကို ပိုမိုတင်ပို့နိုင်ရေးအတွက် အီးယူဘက်မှ ဝယ်လက်များနှင့် ချိတ်ဆက်ပေး မည်ဟု အီးယူ (ဥရောပ သမဂ္ဂ) စီးပွားရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆင်ဟွာသို့...
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်သုံးဆီ၊ စားသုံးဆီနှင့် ဘိလပ်မြေ တင်သွင်းသူများ အတွက် လိုအပ်သည့် အမေရိကန် ဒေါ်လာ များကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သွင်းကုန် လုပ်ငန်းရှင်များထံမှ သိရသည်။