Connect with us

Local

ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး

ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး ပွဲအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ရက် (ဆင်ဟွာ)

ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ကုန်သည်စက်မှု အသင်းချုပ်(UMFCCI) နှင့် ကိုရီးယား နိုင်ငံတကာ ကုန်သွယ်ရေးအသင်း (KITA) တို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

စာချုပ်တွင် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် လုပ်ငန်းခွင် ဆက်ဆံရေးမြှင့်တင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဖက်လုပ်ငန်းရှင်များ အပြန်အလှန် စေလွှတ်ရေး၊ ဈေးကွက် ထိုးဖောက်နိုင်ရေးအတွက် ကုန်စည်ပြပွဲများဖြစ်မြောက်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး၊ စီးပွားရေး သုတေသန လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရေး စသည်တို့ ပါဝင်သည်။

အဆိုပါစာချုပ်ကို အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် KITA ဥက္ကဋ္ဌ Mr.In-Ho Kim တို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.