Connect with us

Local

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅ ခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပေးခဲ့

ဆိပ်ကမ်းရှိ ကွန်တိန်နာများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အရေအတွက် ၅ ခုအား ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၈.၀၈၄ နှင့် ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် ၁,၂၈၉ ခုအား ဖန်တီး ပေးနိုင် ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အစည်းအဝေး(၂၁/၂၀၁၆)တွင် ခွင့်ပြုခဲ့သည့် လုပ်ငန်း ၅ ခုတွင် စက်မှု လုပ်ငန်း ၃ ခု ၊ အခြား ဝန်ဆောင်မှု လုပ်ငန်း ၁ ခုနှင့် ဟိုတယ် နှင့် ခရီးသွား ကဏ္ဍ လုပ်ငန်း ၁ ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂ ခုအား (၂၁/၂၀၁၆) အစည်းအဝေးတွင် ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၀၀.၆၄၀ ၊ ကျပ်သန်း ၃၈၆,၈၆၉.၆၅၀ နှင့် အလုပ်အကိုင် ၁,၃၀၃ ခုအား ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခု ၂၀၁၆ ခုနှစ် နိုဝင်ဘာ လလယ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ စီးဝင်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၉ ခု ၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂,၀၆၁.၃၇၃ နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၁ ခု ၊ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၅၆,၅၃၅ နှင့် ကျပ်သန်း ၆၆၉,၅၉၃.၉၂၉ တို့အား ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.