Connect with us

Local

၂၀၁၆ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ကျောက်စိမ်းနှင့် ကျောက်မျက် အတွဲပေါင်း ၆ဝဝဝ ခန့် ပြသရောင်းချမည်

နေပြည်တော်တွင် ကျင်းပခဲ့သော ကျောက်မျက်ရတနာပြပွဲအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် ၂၀၁၆ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲအတွင်း ကျောက်စိမ်းနှင့် ကျောက်မျက် အတွဲပေါင်း ၆ဝဝဝ ခန့် ပြသ ရောင်းချမည် ဖြစ်ကြောင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။

အဆိုပါ ပြပွဲအတွင်း ကျောက်စိမ်း ကျောက်မျက်များကို အိတ်ဖွင့်တင်ဒါစနစ်နှင့် ဈေးပြိုင်စနစ်များဖြင့် ရောင်းချပေးမည်ဖြစ်သည်။ကျောက်မျက်ကို အခြေခံ ကြမ်းခင်းဈေး အမေရိကန် ဒေါ်လာ ၅ဝဝ မှ ၂ဝဝဝဝ အထိနှင့် ကျောက်စိမ်းကို အမေရိကန်ဒေါ်လာ ၄၀၀၀မှ ၂၀၀၀၀၀အထိ တန်ဖိုးသတ်မှတ်ကာ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်တွင် အိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချပေးရန် ပြင်ဆင် ထားကြောင်း သိရသည်။ ယင်းပြပွဲအတွင်း ကျောက်စိမ်း အပါအဝင် ပုလဲ၊ ပတ္တမြား၊ နီလာစသည့် ကျောက်မျက်ရတနာ မျိုးစုံ ထည့်သွင်း ရောင်းချသွားမည်ဖြစ်သည်။(Xinhua)