Connect with us

Local

မြန်မာနိုင်ငံ၌ အခြေခံ စီးပွားရေး အဆောက်အဦများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်စေနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြိုဆို အားပေး သွားမည်

စီးပွားရေး မြို့ တော် ဖြစ်သည့် ရန်ကုန်မြို့ အား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အခြေခံ စီးပွားရေး အဆောက်အဦများအား လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်စေနိုင်မည့် လုပ်ငန်းများအား ကြိုဆို အားပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်သည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒအရ သိရသည်။

နိုင်ငံတော် အစိုးရ၏ စီးပွားရေး မူဝါဒများကို အထောက်အကူ ပြုစေမည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ထုတ်ပြန် ခဲ့ရာတွင် စီးပွားရေး လုပ်ငန်းများကို အငြင်းပွားဖွယ် သိမ်းယူခြင်းမှ ကာကွယ်ပေးမည် ဖြစ်သည့် အပြင် နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ ယဉ်ကျေးမှု နှင့် လူမှုရေး ဆိုင်ရာ နယ်ပယ်များ နှင့် ဆက်နွယ်သည့် အချို့သော စီးပွားရေး လုပ်ငန်းများကို နိုင်ငံခြားသားများအား လုပ်ဆောင် ခွင့်မပြုပဲ ခွင့်ပြုနိုင်ခြင်း မရှိသည့် လုပ်ငန်းများကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ တန်ဖိုးမြင့် လယ်ယာ ထုတ်ကုန်များ ထုတ်လုပ်နိုင်သော လုပ်ငန်းများ ၊ နည်းပညာ လွှဲပြောင်းနိုင်မှု နှင့် ပြည်တွင်း ကုန်ထုတ် လုပ်ငန်းများ အပေါ် အကျိုး ဖြစ်ထွန်းမှု ရရှိစေမည့် လုပ်ငန်းများ ၊ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအား ဖွံ့ဖြိုး တိုးတက် စေနိုင်မည့် လုပ်ငန်းများအား ကြိုဆို အားပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အသက်မွေးဝမ်းကျောင်း ပညာများ လေ့ကျင့် သင်ကြားပေးနိုင်သည့် လုပ်ငန်းများ ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နိမ့်ကျ အားနည်းသော ဒေသများတွင် ရင်းနှီး မြှုပ်နှံ လုပ်ကိုင် ဆောင်ရွက်မည့် လုပ်ငန်းများ ၊ စက်မှု မြို့များ နှင့် အထူး စီးပွားရေး လုပ်ငန်းများ စုဖွဲ့ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ ၊ ခရီးသွား လုပ်ငန်း နှင့် ဆက်စပ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ကြိုဆို အားပေးမည် ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု မူဝါဒ အရ တာဝန်ယူမှု ရှိပြီး အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုမည် ဖြစ်ပြီး ပွင့်လင်း မြင်သာမှု ရှိပြီး ရှင်းလင်း လွယ်ကူ၍ မြန်ဆန် သွက်လက်စွာ ဆောင်ရွက်နိုင်သော လုပ်ထုံးလုပ်နည်းများဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေ ချောမွေ့အောင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် နှင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများသည် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ယုံကြည် စိတ်ချရသည့် ဘဏ္ဍာရေး စနစ်တို့ဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အပံ့ ဖြစ်စေရန် ဆောင်ရွက်မည် ဖြစ်ပြီး အစိုးရသည် အတည်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အတွက် ကာလရှည် မြေဌားရမ်းခွင့် ရရှိရေး ဥပဒေနှင့် အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.