Connect with us

Local

စီးပွားရေးဇုန်များ တည်ဆောက်ရာတွင် ပြည်တွင်း တည်ငြိမ်အေးချမ်းမှု ပံ့ပိုးပေးနိုင်ရေး ထည့်သွင်းစဉ်းစားရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား


နေပြည်တော် ၊ နိုဝင်ဘာ ၁၅ ရက် ( ဆင်ဟွာ)

စီးပွားရေးဇုန်များကို တည်ဆောက်ရာတွင် ပြည်တွင်း တည်ငြိမ်အေးချမ်းမှုအတွက် ပံ့ပိုးပေးနိုင်ရေးကို ထည့်သွင်းစဉ်းစားရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ဝင်များ နှင့် ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် နေပြည်တော်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများ၏ အောင်မြင်မှုဖြင့် နိုင်ငံ၏ တည်ငြိမ်မှု နှင့် စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် နိုင်ငံတကာမှ ယုံကြည်မှုရရှိရေးကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ကမ္ဘာ့ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်မှုရရန် စီးပွားရေး ဇုန်များ ဖွံ့ဖြိုးတိုးတက်မှုသည် များစွာအရေးကြီးကြောင်း၊ ယခုရေတိုအတွင်း ဖြစ်မြောက်အောင် လုပ်ကိုင်ရမည့်ကိစ္စသည် အလုပ်အကိုင် အခွင့်အလမ်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာအထူးစီးပွားရေးဇုန်ဗဟိုအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးစဉ်(ဓါတ်ပုံ-Myanmar State Counsellor Office)

ပြည်သူလူထုအတွက် ပညာရေးနှင့် ကျန်းမာရေး စနစ်ကို ပြည့်ပြည့်စုံစုံ ပံ့ပိုးပေးနိုင်ရန် ငွေကြေးတောင့်တင်းရေးသည် အရေးကြီးကြောင်း၊ ပြည်သူများ ဖူဖူလုံလုံ ပြည့်ပြည့်စုံစုံ ဖြစ်အောင် အချိန်တိုအတွင်း ရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ယခုစီးပွားရေးဇုန်များသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေး စီမံကိန်းများ ဖြစ်ကြောင်း၊ ရှေ့ပြေးကောင်းမှ အနာဂတ်ကောင်းမည် ဖြစ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ က အထူးစီးပွားရေးဇုန်များသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက် ဆက်စပ်မှု ရှိကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဝင်များ အနေဖြင့် စေတနာ ရှေ့ထားပြီးပေးဆပ်လိုမှုဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် အစီအမံများ ၊ အထူး စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စရပ်များနှင့် ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်သင့်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.