Local
မူဆယ် နယ်စပ် ကုန်သွယ်ရေး သုံးလအတွင်း အမေရိကန် ဒေါ်လာ ၁၀၅၆ သန်းကျော် ကုန်သွယ်နိုင်ခဲ့

ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
မူဆယ် (၁ဝ၅) မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍနှစ် ပထမ သုံးလဖြစ်သော ဧပြီ ၁ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့ အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁၀၅၆ သန်းကျော် ကုန်သွယ် နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိန်းဂဏန်းများ အရ သိရသည်။
နယ်စပ် ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု ဒုတိယအများဆုံးအဖြစ် မြဝတီနယ်စပ် စခန်းမှ အမေရိကန် ဒေါ်လာ ၁၈၆.၈၁၅ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ကုန်သွယ်မှု အနည်းဆုံးအဖြစ် မောတောင်နယ်စပ်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ၄၁၇ သန်း နှင့် စစ်တွေ နယ်စပ်စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၈၅၂ သန်းဖိုးသာ ကုန်သွယ်နိုင်ခဲ့သည်။
နယ်စပ် ကုန်သွယ်ရေး စခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ် နယ်စပ်များမှ ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၅၅၈.၁၈၁ သန်း ကုန်သွယ်နိုင်ခဲ့ ၍ ယခင်နှစ် အမေရိကန် သုံးလက အမေရိကန် ဒေါ်လာ ၁၄၉၅.၈၃၇ သန်းသာ ကုန်သွယ်နိုင် ခဲ့သဖြင့် ယခုနှစ် တွင် အမေရိကန်ဒေါ်လာ ၆၂.၃၄၄ သန်း ပိုမိုကုန်သွယ် နိုင်ခဲ့သည်။ (Xinhua)