Connect with us

Local

မြန်မာ့ ရေနံ ဓာတုဗေဒ လုပ်ငန်းမှ ရေနံဓာတ်ငွေ့ရည် တန် ၅၀၀ ကျော် တင်ဒါ စနစ်ဖြင့် ရောင်းချမည်

လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန အမှတ်တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-MOEE)

ရန်ကုန် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

မြန်မာ့ ရေနံ ဓာတုဗေဒ လုပ်ငန်း ကြီးကြပ်မှု အောက်ရှိ အမှတ် (၁) ရေနံ ဓာတ်ငွေ့ရည် စက်ရုံ (မင်းဘူး) ၊ အမှတ် (၂) ရေနံ ဓာတ်ငွေ့ရည် စက်ရုံ (ညောင်တုန်း) နှင့် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) တို့မှ ထုတ်လုပ်သည့် ရေနံဓာတ်ငွေ့ရည် တန် ၅၅၀ အား တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) မှ ထုတ်လုပ်သည့် ပရိုပိန်း ရေနံဓာတ်ငွေ့ရည် ၁၅၀ တန် ၊ ဗြူတိန်း ရေနံဓာတ်ငွေ့ရည် ၁၀၀ တန်နှင့် အမှတ် (၂) ရေနံဓာတ်ငွေ့ရည် စက်ရုံ (ညောင်တုန်း) မှ ထုတ်လုပ်သည့် ပရိုပိန်းရေနံဓာတ်ငွေ့ရည် ၁၀၀ နှင့် ရေနံဓာတုဗေဒ စက်ရုံစု (သံပရာကန်) မှ ထုတ်လုပ်သည့် ဗြူတိန်း ရေနံဓာတ်ငွေ့ရည် ၂၀၀ တန် တို့အား တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်၍ ရေနံဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချခွင့် လိုင်စင် (ခ) လက်ဝယ် ရှိသူများ အဆိုပြုလွှာ တင်သွင်း နိုင်ရန် ဖိတ်ခေါ်ထားသည်။
ရေနံဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို ပြည်တွင်း ဈေးကွက်တွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရန် ရည်ရွယ်ပြီး ၂ဝ၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.