Local
မြန်မာ့သနပ်ခါး ဥရောပ နိုင်ငံများသို့ တရားဝင် တင်ပို့နိုင်ရန် စီစဉ်

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ ထွက်ရှိသော သနပ်ခါးအား ကုန်ချောအဖြစ် ဥရောပနိုင်ငံများသို့ တရားဝင် တင်ပို့ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း တင်ပို့မည့်ကုမ္ပဏီထံမှ သိရသည်။
အဆိုပါ ဥရောပနိုင်ငံများသို့ မြန်မာ့သနပ်ခါး ထုတ်ကုန်များအား နမူနာအဖြစ် ပေးပို့ထားပြီး သနပ်ခါးများကို ဓာတ်ခွဲစမ်းသပ်၍ အန္တရာယ်ကင်းပြီး အရည်အသွေး ကောင်း မွန် ကြောင်း လက်ခံပါက စတင်တင်ပို့ သွားမည် ဖြစ်ကြောင်း သိရသည်။
ဥရောပသို့ တင်ပို့နိုင်ရန် သနပ်ခါးမှ ထုတ်လုပ်သော သီးသန့် ထုတ်ကုန်အဖြစ် ဆပ်ပြာ၊ တိုနာ၊ ရေမွှေး၊ ရှန်ပူ၊ မျက်နှာသစ် ဆပ်ပြာစသည်ဖြင့် အမျိုးပေါင်း ၁၅ မျိုးအား ထုတ်လုပ်ထားသည်။
ယင်း ထုတ်ကုန်များသည် FDA ထောက်ခံစာ ရရှိထားပြီး ဖြစ်သော်လည်း တင်ပို့မည့် နိုင်ငံများ၏ အရည်အသွေးနှင့် စံချိန်ကိုက်ညီရန် လိုအပ်ကြောင်း၊ အဆိုပါနိုင်ငံ၏ စစ်ဆေးမှုကို ရယူနေခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)