Connect with us

Local

မြန်မာ- အိန္ဒိယ ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် အိန္ဒိယ SBI ဘဏ်ခွဲ မြန်မာနိုင်ငံ၌ ပထမဆုံး စတင် ဖွင့်လှစ်

အိန္ဒိယ အခြေစိုက် SBI ဘဏ်ခွဲအား မြန်မာနိုင်ငံ၌ ဖွင့်လှစ်ပွဲ အခမ်းအနား ပြုလုပ်စဉ်(ဓာတ်ပုံ- India in Myanmar (Embassy of India, Yangon)

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အိန္ဒိယနိုင်ငံ အခြေစိုက် ဘဏ်တစ်ခုဖြစ်သော State of India Bank (SBI) ၏ ဘဏ်ခွဲအား ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Union Financial Center တွင် ဖွင့်လှစ် လိုက်ကြောင်း ဘဏ် လုပ်ငန်းဆိုင်ရာ ဖွင့်ပွဲအခမ်းအနားမှ သိရသည်။

အိန္ဒိယနိုင်ငံ အခြေစိုက် ဘဏ်တစ်ခုဖြစ်သော State of India Bank (SBI) အား မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ပြုရာတွင် အဆင်ပြေ လွယ်ကူ စေရန် ဖွင့်လှစ်ခြင်းလည်း ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံမှ လာရောက် ရင်းနှီး မြှုပ်နှံသည့် လုပ်ငန်းရှင်များကို အတတ်နိုင်ဆုံး ဘဏ်လုပ်ငန်း ဆိုင်ရာ ကူညီ ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု SBI ဘဏ်၏ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

State of India Bank (SBI)သည် နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် ဘဏ်ခွဲပေါင်း ၁၉၈ ခု ဖွင့်လှစ်ထားပြီး ယခုအခါ အိန္ဒိယ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်ဖွင့်လှစ်သော ဘဏ်ခွဲ တစ်ခုဖြစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများဖြစ်သည့် Deposit Account ဖွင့်ခြင်း၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအတွက် ချေးငွေထုတ်ပေးခြင်း၊ ကုန်သွယ်မှုနှင့် ပတ်သက် သည့် ငွေပေးချေမှုဆိုင်ရာ လုပ်ငန်းများနှင့် ငွေလွှဲခြင်း၊ နိုင်ငံခြားငွေ လဲလှယ်ခြင်းစသည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုသည် ၁၉၇ဝ ခုနှစ်ကစတင်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၂၈ သန်းရှိခဲ့ပြီး ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၂.ဝ၅၂ ဘီလီယံအထိ မြင့်တက်လာကြောင်း သိရသည်။၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ် များကို ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ရာ SBIအပါအဝင် နိုင်ငံခြား ဘဏ်လုပ်ငန်း ၁၃ ခု ကို ဘဏ်လုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်နိုင်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)