Local
သြင်္ကန်ကာလ အစိုးရ ရုံးပိတ်ရက်များ အတွင်း သွင်းကုန်၊ ပို့ကုန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
သြင်္ကန်ကာလ အစိုးရ ရုံးပိတ်ရက်များအတွင်း သွင်းကုန်၊ ပို့ကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၆ ခုနှစ် ဧပြီလ ၁၁ ရက်နှင့် ၂၀ ရက်များအတွင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန မှ သတင်း ထုတ်ပြန်သည်။
အကောက်ခွန် ဦးစီးဌာနအနေဖြင့် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းများကို ရုံးချုပ်၊ ဆိပ်ကမ်း၊ လေဆိပ်သိုလှောင်ရုံ၊ စက်လှေ ဆိပ်ကမ်းများတွင် ဧပြီလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း နေ့စဉ်နံနက် ၁၀ နာရီမှ ၃ နာရီအထိ ရုံးဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
လေကြောင်း Export လုပ်ငန်းအနေဖြင့် ပိတ်ရက်မရှိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ငွေပေးသွင်းမှုအနေဖြင့် Payment Order ကိုသာ လက်ခံမည်ဖြစ်၍ Deposit ကို လုံလုံလောက်လောက် ပေးသွင်းထားရမည် ဖြစ်ကြောင်း၊ သြင်္ကန်ကာလ ရုံးပိတ်ရက်များအတွင်း ရောက်ရှိမည့် ကုန်စည်များအား အရေးကြီး တင်သွင်းခြင်း နှင့် တင်ပို့မှု ဆောင်ရွက်လိုပါက အကောက်ခွန် ဦးစီးဌာနသို့ ဧပြီလ ၈ ရက်နေ့တွင် နောက်ဆုံးထား၍ ဌာနဆိုင်ရာ ကုမ္ပဏီ၏ Letter Head နှင့် အတူ အချိန်ပို လျှောက်ထားနိုင်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)