Connect with us

Local

Huawei GR5 Slow mo နှင့် Time-lapse လုပ်ဆောင်ချက်များ ပါဝင်

ဟွာဝေးကုမ္ပဏီမှ အသစ်ထပ်မံ ထုတ်လုပ်သည့် GR5 စမတ်ဖုန်း အားတွေ့ရစဉ် (ဓာတ်ပုံ- Huawei Website)

ရန်ကုန်၊ဧပြီ ၄ ရက် (ဆင်ဟွာ)

ဟွာဝေးကုမ္ပဏီမှ ကျပ်၂၈၉,၀၀၀ ဖြင့် ရောင်းချသည့် စမတ်ဖုန်း GR5 သည် Slow mo နှင့် Time-lapse လုပ်ဆောင်ချက်များ ပါဝင်သည့် အတွက် ဖုန်းကင်မရာဖြင့် ဆန်းသစ်သည့် ဗီဒီယိုဖိုင်လ်များအား ဖန်တီးနိုင်မည် ဖြစ်ကြောင်း ဟွာဝေးမိုဘိုင်း မြန်မာမှ သတင်းထုတ်ပြန်သည်။

၎င်းဖုန်းသည် Fingerprint ID 2.0 နည်းပညာဖြင့် ဖုန်းကို စက္ကန့်ဝက်အတွင်း ဖွင့်နိုင်ခြင်း၊ ကင်မရာဖွင့်ပြီးနောက် Fingerprint ဖြင့် ဓာတ်ပုံများအား တစ်စက္ကန့် မပြည့်မီအချိန်အတွင်းမှာပင် ရိုက်ယူနိုင်ခြင်း၊ ကင်မရာတွင် အသက်ဝင်သည့် အလင်းညှိလုပ်ဆောင်ချက် ပါဝင်ခြင်း၊ ဖုန်းတွင် ၅.၅ လက်မရှိသော HD မျက်နှာပြင် ထည့်သွင်းထားကြောင်း သိရသည်။

13MP အနောက်ကင်မရာ၊ 5MP အရှေ့ကင်မရာတို့ပါဝင်ကာ Perfect Selfie၊ 10 levels of beauty mode နှင့် Good Food mode ကဲ့သို့သော လုပ်ဆောင်ချက်များလည်း ပါဝင်ပါသေးကြောင်း သိရသည်။ Huawei GR5 မှာ အလေးချိန် ၁၅၈ ဂရမ်ရှိသည်။

UK အတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်သည့် Brand Finance က မတ်လ ၁၄ ရက်နေ့တွင် ၂၀၁၆ ရဲ့ “ကမ္ဘာ့အရည်အသွေး အကောင်းဆုံး ထိပ်တန်း ကုန်အမှတ်တံဆိပ် ၁၀၀” ကို ထုတ်ပြန်ခဲ့ပြီး Huawei က အဆင့် ၄၇ တွင်ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.