Local
အိမ်ရာစီမံကိန်းပေါင်း ၂၅ဝ ကျော်ကို အရစ်ကျစနစ်ဖြင့် ရောင်းချမည့် အရောင်းပြပွဲ ရန်ကုန်မြို့၌ သုံးရက်ကြာကျင်းပမည်

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
တန်ဖိုးနည်းအိမ်ရာများ၊ မြေကွက်များ၊ ကွန်ဒိုများနှင့် တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့် Hottest Property Deals in Myanmar Expo အိမ်ခြံမြေ အရောင်းပြပွဲကို ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ဇွန် ၃ဝ ရက်မှ ဇူလိုင် ၂ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
ယင်းပြပွဲတွင် နာမည်ကြီးဆောက်လုပ်ရေး ကုမ္ပဏီများက အိမ်ရာစီမံကိန်းပေါင်း ၂၅ဝ ကျော်ကို တစ်နှစ်မှ ၁၅ နှစ်အတွင်း အရစ်ကျငွေပေးချေစနစ်များနှင့် ငွေကျပ် သိန်း ၁၅ဝဝ၊ ၂ဝဝဝ တန်သည့် တိုက်ခန်းနှင့် ကွန်ဒိုများကို ၁ဝ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းများပါဝင်မည်ဖြစ်ကြောင်း သိရသည်။ကွန်ဒိုများကို ငွေကျပ် သိန်း ၅ဝ မှ သိန်း ၅ဝဝ အထိ အထူးလျှော့ဈေးများဖြင့် ရောင်းချပေးမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ အကြီးဆုံး ဘဏ်များနှင့် ချိတ်ဆက်ပြီး အရစ်ကျဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)