Connect with us

Local

၄ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ထီလက်မှတ် စောင်ရေ ၃၉ သန်းကျော် ရောင်းချထား

ကျပ် ၅၀၀ တန် ထီထိုးရန် ကြည့်ရှုနေသူ တစ်ဦးအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

၄ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ထီလက်မှတ် စောင်ရေ ၃၉,၅၉၉,၉၁၂ စောင် ရောင်းချထားကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ၊ အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ယနေ့ဇွန် ၂၆ ရက်တွင် ကြေညာခဲ့သည်။

ထီလက်မှတ် စာအုပ် ရောင်းရငွေမှာ စုစုပေါင်း ကျပ်သန်းပေါင်း ၁၇၉၉၉.၉၆ ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းထိ ထီဆုငွေ အဖြစ် ခွဲဝေပေးမည့် ငွေမှာ ကျပ်သန်းပေါင်း ၁၀၇၉၉.၉၇၆ ဖြစ်ကြောင်း သိရသည်။

ထီဆုငွေများအား အထူးဆုကြီး စနစ် ၊ ဆုတစ်ဆုချင်း စနစ် ၊ ဝေေ၀ဆာဆာ ပဒေသာ ဆုမဲစနစ်များဖြင့် စုစုပေါင်း ၁၁၃၁၇၅ ဆု ခွဲေ၀ ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁ ရက်တွင် ကျင်းပမည့် ၄ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ အတွက် ထီလက်မှတ်များအား (၄)ကြိမ်မြောက် နှင့် ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ(၁)ရက်နေ့တွင် ဖွင့်လှစ်မည် ဟူသော စာသား ပါရှိသည့် ထီလက်မှတ်(“က” အက္ခရာမှ အစဉ်လိုက် “ဖ” အက္ခရာထိ) ၂၂ လုံး ၊ အကြိမ်မြောက် နှင့် မည်သည့်နေ့တွင် ဖွင့်လှစ်မည် ဟူသော စာသား မပါရှိသည့် အရန်ထီ လက်မှတ်(“ကက” အက္ခရာမှ အစဉ်လိုက် “ကဖ”အက္ခရာထိ) ၂၂ လုံး စုစုပေါင်း အက္ခရာ ၄၄ လုံး ရောင်းချခဲ့ကြောင်း သိရသည်။(Xinhua)