Connect with us

China

တရုတ်နိုင်ငံ CPC ပြတိုက် ဖွင့်လှစ်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၁၉၂၁ ခုနှစ်က ပထမဆုံး တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားကွန်ဂရက် ကျင်းပခဲ့ရာနေရာသို့ ရောက်ရှိနေသည့် ရှန်ဟိုင်းတက္ကသိုလ်မှ စေတနာ့ဝန်ထမ်းကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ပြတိုက်ကို ပေကျင်းမြို့၌ မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲမှုဦးစီးဌာန (NCHA) က မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပြတိုက်အသစ်တွင် ဇွန်လမှစ၍ CPC သမိုင်းကြောင်းဆိုင်ရာ ပြပွဲတစ်ခုကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း NCHA သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရှန်ဟိုင်းမြို့ရှိ ပထမဆုံး CPC ၏ အမျိုးသားကွန်ဂရက် အထိမ်းအမှတ်ကိုလည်း ပြပွဲခန်းမတွင် ဧည့်သည်များ ကြည့်ရှုနိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း NCHA ၏ ဒုတိယ ညွှန်ကြားရေးမှူး Gu Yucai က ပေကျင်းမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုအခါ တရုတ်နိုင်ငံတွင် နိုင်ငံ၏ တော်လှန်ရေးသမိုင်းကြောင်း ခေါင်းစဉ်ဖြင့် ပြတိုက်နှင့် အထိမ်းအမှတ်နေရာ ၁,၆၀၀ ကျော်ရှိပြီဖြစ်သည်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အဆိုပါ အဖွဲ့အစည်းများက ပြပွဲပေါင်း ၄,၀၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း NCHA အရ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံတွင် တော်လှန်ရေးအမွေအနှစ်နေရာပေါင်း ၃၆,၀၀၀ ကျော် မှတ်ပုံတင်ထားပြီး ဆက်စပ်သော ရှေးဟောင်းပစ္စည်း စုစည်းမှု ၁ သန်းကျော် ပိုင်ဆိုင်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှာ ၂၀၂၀ ပြည့်နှစ်အထိ NCHA အနေဖြင့် တော်လှန်ရေး ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆက်စပ်သော ထိန်းသိမ်းစောင့်ရှောက်မှု စီမံကိန်း ၄၀၀ နီးပါးကို ခွင့်ပြုပေးခဲ့ကြောင်း Gu က ဆိုသည်။

CPC တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်ကျင်းပရန် နိုင်ငံတစ်ဝန်း အရည်အသွေးမြင့် ပြပွဲပေါင်း ၁၀၉ ခု ကျင်းပရန် NCHA က အကြံပြုထားကြောင်း သိရသည်။ (Xinhua)
———————————–
(English Version)
China to open CPC museum
Source: Xinhua| 2021-05-19 17:23:17|Editor: huaxia
BEIJING, May 19 (Xinhua) — The Museum of the Communist Party of China (CPC) is set to open soon in Beijing, the National Cultural Heritage Administration (NCHA) said Wednesday.
From June, the new museum will host an exhibition on the history of the CPC, according to an NCHA press release.
The memorial of the first National Congress of the CPC in Shanghai will also open a new exhibition hall to visitors shortly, said Gu Yucai, vice director of the NCHA, at a press conference in Beijing.
China now has more than 1,600 museums and memorials themed on its revolutionary history. From 2018 to 2020 these institutions launched more than 4,000 exhibitions, according to the NCHA.
Meanwhile, the country has registered more than 36,000 revolutionary heritage sites and possesses a collection of more than 1 million related artifacts.
From 2016 to 2020, the NCHA approved nearly 400 conservation projects concerning revolutionary cultural heritage, Gu said.
To celebrate the 100th anniversary of the founding of the CPC, the NCHA has recommended 109 high-quality exhibitions across the country, Gu said. Enditem
Volunteers from Shanghai University arrive at the site where the first Communist Party of China (CPC) National Congress was held in 1921, in Shanghai, east China, June 22, 2019. (Xinhua/Liu Ying)