Connect with us

Agriculture

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးတွင် ဒေးလီလီပန်းစိုက်ပျိုးရေးကို အလေးထားပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မေ ၁၁ ရက်က တာ့ထုန်းမြို့ ယွင်းကျိုးခရိုင်ရှိ သဘာဝ ဒေးလီလီပန်းစိုက်ခင်းတစ်ခုသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဒေသခံများနှင့် ရင်းရင်းနှီးနှီး စကားပြောကြားနေစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဒေးလီလီပန်း(daylily) စိုက်ပျိုးရေး၏ အရေးပါမှု နှင့် ဒေသခံပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အထောက်အပံ့ဖြစ်နေမှုအပေါ် အလေးထားပြောကြားခဲ့သည်။ 

ရှီသည် တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် စစ်ဆေးရေးခရီးစဉ်အတွင်း တာ့ထုန်းမြို့ ယွင်းကျိုးခရိုင်ရှိ သဘာဝ ဒေးလီလီပန်းစိုက်ခင်းတစ်ခုသို့ရောက်ရှိစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။ရှီသည် ဒေးလီလီပန်းစိုက်ခင်းအတွင်း လမ်းလျှောက်သွားခဲ့ပြီး စိုက်ခင်းအတွင်း အလုပ်လုပ်နေသော ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အဓိကစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၏ လမ်းညွှန်မှုအရ ပန်းခြံစိုက်ခင်းက အာမခံချက်ရှိသော ဈေးကွက်၊ ဈေးနှုန်းနှင့်အတူတည်ငြိမ်သော စိုက်ပျိုးထွက်ကုန်နှင့် အရည်အသွေးတစ်ခုရှိပြီး ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများစွာကို မြှင့်တင်ရာတွင် အကူအညီဖြစ်စေသည်ကို ကြားသိရသည့်အတွက် ဝမ်းမြောက်မိကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မေ ၁၁ ရက်က တာ့ထုန်းမြို့ ယွင်းကျိုးခရိုင်ရှိ သဘာဝ ဒေးလီလီပန်းစိုက်ခင်းတစ်ခုသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဒေသခံများနှင့် ရင်းရင်းနှီးနှီး စကားပြောကြားနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မေ ၁၁ ရက်က တာ့ထုန်းမြို့ ယွင်းကျိုးခရိုင်ရှိ သဘာဝ ဒေးလီလီပန်းစိုက်ခင်းတစ်ခုသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဒေသခံများနှင့် ရင်းရင်းနှီးနှီး စကားပြောကြားနေစဉ် (ဆင်ဟွာ)

 ဒေးလီလီပန်းများသည် အလားအလာကောင်းများဖြင့် လုပ်ငန်းကြီးတစ်ခုအဖြစ် တိုးတက်လာနိုင်ကြောင်း ရှီက ဆိုသည်။ဒေးလီလီပန်းစိုက်ပျိုးရေးလုပ်ငန်းကို ကာကွယ်ရန်နှင့် တိုးတက်ရန် ကြိုးပမ်းအားထုတ်မှုများနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် ၎င်း၏ အခန်းကဏ္ဍကို အပြည့်အဝပါဝင်ဖြည့်စွမ်းမှုပေးရန် ရှီက အလေးထားပြောကြားခဲ့သည်။  (Xinhua)