Connect with us

Culture & Entertainment

ကမ္ဘာဂြိုဟ်၏ အမြင့်ဆုံးတောင်ထိပ်ကို တိုင်းတာခြင်း

၂၀၂၀ ပြည့်နှစ် ဧဝရတ်တောင်(ချိုမိုလန်းမားတောင်)အမြင့်တိုင်းတာရေး တောင်တက်အဖွဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ၆,၅၀၀ မီတာရှိ နားနေစခန်းသို့ သွားရောက်နေသည်ကို မေ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိုမိုလန်းမားတောင် အခြေစိုက် စခန်း ၊ မေ ၂၅ ရက်(ဆင်ဟွာ)

မြေတိုင်း ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်သူ Chen Gang သည် ၎င်း၏ အလုပ်အတွက် သိပ္ပံနည်းကျ ချဉ်းကပ်မှုကို အစဉ် ပြုမူလုပ်ကိုင်ခဲ့ပြီး ၎င်းရောက်ရှိခဲ့သော နေရာတိုင်းတွင် တိကျသည့် အချက်အလက် ကောက်ယူခြင်းခြင်းနှင့်အတူ စူးစမ်းလေ့လာမှုပြုလုပ်ခဲ့သည်။

သူသည် လာမည့် မေ ၂၇ ရက်တွင် မြေတိုင်းအလုပ် သက်တမ်းတစ်လျှောက် အခက်ခဲဆုံး ခရီးပန်းတိုင် တစ်ခု ဖြစ်သည့် ကမ္ဘာ့အမြင့်ဆုံး ချိုမိုလန်းမားတောင်ထိပ်ကို တိုင်းတာရန် ကြိုးပမ်းမှု တစ်ရပ်ကို ပြုလုပ်တော့မည် ဖြစ်သည်။တရုတ်နိုင်ငံ သဘာဝ သယံဇာတ ဝန်ကြီးဌာနမှ Chen Gang သည် တရုတ်နိုင်ငံက လက်ရှိ ဆောင်ရွက်နေသော ချိုမိုလန်းမား တောင်ထိပ် အမြင့် ပြန်လည် တိုင်းတာရေး လုပ်ငန်းတစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းတောင်ထိပ်သို့ တက်ရောက်ရန် ရွေးချယ် တာဝန်ပေးခံရသည့် မြေတိုင်း ကျွမ်းကျင်ပညာရှင် နှစ်ဦး အနက် တစ်ဦး ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဧဝရတ်တောင်(ချိုမိုလန်းမားတောင်)အမြင့်တိုင်းတာရေး တောင်တက်အဖွဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ၆,၅၀၀ မီတာရှိ နားနေစခန်းသို့ သွားရောက်နေသည်ကို မေ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အသက် ၄၉ နှစ် အရွယ်ရှိ Chen သည် ချိုမိုလန်းမား တောင်တက်အဖွဲ့ဝင် ၁၂ ဦး အနက် အသက်အကြီးဆုံး အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ Chen ဖြစ်စေ ၎င်း၏ လုပ်ဖော်ကိုင်ဖက် Wang Wei ဖြစ်စေ တောင်ထိပ်သို့ တက်ရောက်နိုင်ပါက ထိုသူသည် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်တွင် ခြေချနိုင်မည့် တရုတ်လူမျိုး မြေတိုင်းပညာရှင်တစ်ဦးအဖြစ် စံချိန်တင်နိုင်လိမ့်မည်ဖြစ်သည်။

“ကျွန်တော်တို့ တောင်ထိပ်ကို တက်နိုင်မလား ဒါမှမဟုတ် ဘယ်သူ တက်နိုင်မလဲဆိုတဲ့ မေးခွန်းထက် အချက်အလက် အားလုံးကို တိကျမှန်ကန်စွာ ရနိုင်ဖို့ပဲ ကျွန်တော်တို့ ပိုအလေးထားပါတယ်”ဟု Chen က ပြောကြားခဲ့သည်။

“ချိုမိုလန်းမားတောင်ရဲ့ မြောက်ဘက် တောင်ကြောဟာ နယ်စပ်မျဉ်းရဲ့ တရုတ်နိုင်ငံဘက်အခြမ်းမှာ တည်ရှိပါတယ်။ တောင်ရဲ့ပြောင်းလဲမှုတွေကို စေ့စေ့စပ်စပ်နဲ့ အချိန်မီ သိဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။”ဟု ၎င်းက ပြောကြားခဲ့ပြီး ယင်းမှာ တရုတ် မြေတိုင်းပညာရှင်များက ကမ္ဘာကြီးအတွက် ထောက်ပံ့မှု ပြုလုပ်ခြင်းလည်း ဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၌ လွန်ခဲ့သော ၁၂ နှစ်က ပြင်းထန်သော မြေငလျင် လှုပ်ခတ်ခဲ့ပြီးချိန်မှစ၍ Chen သည် မြေမျက်နှာပြင်လှုပ်ရှားမှုများ၏ လှို့ဝှက်ချက် ရှာဖွေခြင်းအလုပ်ကို အစဉ်တစ်စိုက် လုပ်ဆောင်ခဲ့သည်။

ဘူမိဗေဒပညာရှင် တစ်ဦးဖြစ်သူ Chen သည် ဘေးဒဏ်သင့် နေရာဒေသများသို့ ချက်ချင်း စေလွှတ်ခြင်းခံရပြီး ကယ်ဆယ်ရေး နှင့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများအတွက် လေ့လာတွေ့ရှိချက်များကို ကူညီပံ့ပိုးပေးရန် တာဝန်ပေးအပ်ခံခဲ့ရသည်။

“ငလျင်ဘေးဒဏ်သင့် ဒေသတွေဆီက အခြေခံလူတန်းစားတွေရဲ့ မျက်နှာကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။”ဟု Chen က စိတ်လှုပ်ရှားစွာဖြင့် ပြောကြားခဲ့ပြီး “ဘူမိဗေဒ ပညာရှင်တွေဟာ သဘာဝ ဘေးအန္တရာယ်တွေကို ပိုပြီးတော့ နားလည်သင့်ပါတယ်။ အဲဒီသဘာဝဘေးဒဏ်တွေကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ ဟာ သမိုင်းပေး တာဝန်တစ်ခုအနေနဲ့ လုပ်ကိုင်ရမှာပါ ”ဟု ဆိုသည်။

“ကျွန်တော်တို့ ဘဝတစ်လျှောက် ငလျင်လှုပ်တာကို ကြိုတင်ခန့်မှန်းလို့ မရနိုင်ပေမယ့် ကျွန်တော်တို့ ကြိုးစားနေသမျှ ကာလပတ်လုံး အောင်မြင်မှုတော့ ရမှာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။

ငလှုင်ပြီးနောက် Chen သည် အခြေခံ တိုင်းတာမှု သီအိုရီ အတွက် ၎င်း၏ အဓိက သုတေသနပြုလုပ်သည့်နေရာကို ရွှေ့ပြောင်းခဲ့ပြီး နောက်ပိုင်းနှစ်များတွင် မြောက် နှင့် တောင်ဝင်ရိုးစွန်းတန်း ၊ ကမ္ဘာ့တိုက်ကြီးသုံးတိုက်ရှိ အမြင့်ဆုံးတောင်ထိပ်များ အပါအဝင် ကမ္ဘာဂြိုဟ်၏ နေရာမျိုးစုံတွင် ခြေချခဲ့သည်။ ထို့ပြင် ဟိမဝန္တာတောင်သည်လည်း ၎င်းမကြာခဏ ရောက်ရှိသည့် ဒေသ တစ်ခု ဖြစ်လာခဲ့သည်။

ဟိမဝန္တာ နှင့် ချင်းဟိုင်-တိဘက် ကုန်းပြင်မြင့်၏ မြင့်မားသော သမိုင်းကြောင်း နှင့် ဆင့်ကဲဖြစ်စဉ်များ အကြောင်းကို ပြည်တွင်း နှင့်ပြည်ပရှိ ပညာရှင်များအကြား ကြီးမားသော ငြင်းခုံဆွေးနွေးမှုများ ရှိနေဆဲ ဖြစ်သည်ဟု Chen က ပြောကြားခဲ့သည်။

ချိုမိုလန်းမားတောင်သည် နိုင်ငံတကာစူးစမ်းလေ့လာမှုများ၏ အမြင့်ဆုံး တောင်ထိပ်ဆုံမှတ်တစ်ခုအဖြစ်တည်ရှိနေပြီး တိကျသော မြေပုံညွှန်းများနှင့်အတူ အင်ဒို-ဥရောပ ကုန်းပြင်မြင့် ချိတ်ဆက်တည်ရှိမှု၏ လက်ရှိအနေအထားကို ထင်ဟတ်စေသော အလွန်အရေးပါသည့် အမှတ်သညာတစ်ခုဖြစ်ကြောင်း Chen က ဆိုသည်။

အထူးသဖြင့် ၂၀၁၅ ခုနှစ်တွင် နီပေါနိုင်ငံ၌ ပြင်းအား ၈.၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် တောင်ပေါ်တွင် သုတေသန ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုအပ်လာကြောင်း Chen က ပြောကြားခဲ့သည်။

နီပေါနိုင်ငံ၌ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် Chen နှင့် ၎င်း၏ အဖွဲ့သည် ချိုမိုလန်းမားတောင်၏ မြောက်ဘက်တောင်ကြောပေါ်တွင် တိုင်းတာရေး အမှတ်များကို ချက်ချင်း သတ်မှတ်ခဲ့ပြီး ဟိမဝန္တာအပေါ်တွင် ငလျင်သက်ရောက်မှုများနှင့်ပတ်သက်၍ တိုင်းတာရေး စီမံကိန်း တစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။

“ကမ္ဘာဂြိုဟ်ရဲ့ တတိယ ဝင်ရိုးစွန်းလို့အများက ခေါ်ဆိုကြတဲ့ ချိုမိုလန်းမားတောင်ရဲ့ ပြောင်းလဲမှုဟာ ကမ္ဘာပေါ်မှာ ဘူမိဗေဒ လေ့လာမှုအတွက် အဓိက အရေးပါတဲ့ အလုပ်တစ်ခုပါ ၊ ကျွန်တော်တို့ မြေတိုင်းစစ်ဆေးသူတွေဟာ ဒီနေရာကို ပြန်လာပြီး ထိန်းသိမ်းမှုတွေလုပ်ဖို့ တာဝန်ရှိပါတယ်။”ဟု Chen က ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.