Connect with us

Culture & Entertainment

တရုတ်နိုင်ငံရှိ ကုန်တိုက်များ၊ ဈေးဝယ်စင်တာများနှင့် ဟိုတယ်များ အပြည့်အဝ ပြန်လည်ဖွင့်လှစ်တော့မည်

တရုတ်နိုင်ငံ အရှေ့မြောက် ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာပင်းရှိ ဈေးဝယ်စင်တာတစ်ခု၌ ဈေးဝယ်နေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အများပြည်သူဆိုင်ရာနေရာများနှင့် ဖျော်ဖြေရေးနေရာများကို အစီအစဉ်တကျ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီက မေ ၈ ရက်တွင် ထုတ်ပြန်သည့် လမ်းညွှန်ချက်အရ သိရသည်။

ဈေးဝယ်စင်တာများ၊ ကုန်တိုက်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အခြား အများပြည်သူဆိုင်ရာနေရာများကို ကပ်ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်များအကောင်အထည်ဖော်လျက် အပြည့်အဝ ပြန်လည်ဖွင့်လှစ်သွားမည်ဟု လမ်းညွှန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ပန်းဥယျာဉ်များ၊ သဘာဝရှုမျှော်ခင်းကြည့်နေရာများနှင့် အားကစားဆိုင်ရာနေရာများကိုလည်း ကြိုတင်ရက်ချိန်းယူမှုများနှင့် လာရောက်သူအရေအတွက် ကန့်သတ်မှုများဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။စာကြည့်တိုက်များ၊ ပြတိုက်များ၊ အနုပညာပြခန်းများနှင့် ရုပ်ရှင်ရုံများနှင့် ဈေးဆိုင်တန်းပါကစားကွင်းများကဲ့သို့   ဖျော်ဖြေရေးနေရာများပါဝင်သည့် မိုးလုံလေလုံနေရာများအနေဖြင့် လိုအပ်ပါက အစည်းအဝေးများနှင့် ပြပွဲများ လက်ခံကျင်းပနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117