Connect with us

Economy

တရုတ်နိုင်ငံသည် ဇန်နဝါရီ မှ နိုဝင်ဘာလအတွင်း မရွှေ့ပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၄၈ ခု အား အတည်ပြု ပေးခဲ့

တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သော ရင်နှီးမြှုပ်နှံမှု စီမံကိန်းများ အများအပြား တည်ရှိရာ နန်ကျင်းမြို့ အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်သီး စီးပွားရေး စီမံသည့် အဖွဲ့ဖြစ်သော အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) က ၂၀၁၅ ခုနှစ် ပထမ ၁၁ လ အတွင်း စုစုပေါင်း တန်ဖိုး တရုတ်ယွမ် ၂ ထရီလီယံ တန်ဖိုးရှိ မရွှေ့ပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၄၈ ခု အား အတည်ပြု ပေးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးမှ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြား ခဲ့သည်။

နိုဝင်ဘာလတွင် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) က ပို့ဆောင်ရေး၊ နည်းပညာနှင့် စွမ်းအင် ဆိုင်ရာ ကဏ္ဍများ အတွင်း တရုတ်ယွမ် ၁၀၁.၂ ဘီလီယံ တန်ဖိုး ရှိသည့် စီမံကိန်း ၁၁ ခုအား အတည်ပြု ပေးခဲ့ကြောင်း NDRC မူဝါဒ သုတေသနရုံး အကြီးအကဲ ရှိကျီဟိုင် က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်း များသည် ဒေသ ဖွံ့ဖြိုး တိုးတက်မှု၊ ပို့ဆောင်ရေး အခြေခံ ဆောက်လုပ်ရေး လုပ်ငန်းများ တိုးမြှင့် နိုင်မှု နှင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ ပိုမို တိုးတက်လာစေရန် ကူညီ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

အရေးကြီးသော အမျိုးသား ဗျူဟာမြောက် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် ပိုးလမ်းမကြီး အစပျိုးမှု၊ ပေကျင်း-တျန်ကျင်း-ဟဲပေ ပေါင်းစည်းမှု အစီအစဉ်၊ ယန်စီမြစ် စီးပွားရေး လမ်းမ တို့တွင် ထောက်ပံ့မှု ပိုမို ရရှိလာကြောင်း NDRC ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံ ၏ မရွှေ့ပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် ၂၀၁၅ ခုနှစ်၏ ပထမ ၁၀ လ အတွင်း ယခင်နှစ် ထိုကာလထက် ၁၀.၂ ရာခိုင်နှုန်း (တရုတ်ယွမ် ၄၄.၇ ထရီလီယံ) တိုးတက် လာခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117